Friday, February 1, 2019

အမေရိကန်နှင့် မြောက်ကိုရီးယားခေါင်းဆောင်များ၏ ဒုတိယမြောက်ထိပ်သီးအစည်းအဝေး အာရှတွင် ကျင်းပမည်ဟုဆို
=================================
ဝါရှင်တန် ဇန်နဝါရီ ၃၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့၏ ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးကို ဖေဖော်ဝါရီလကုန်ပိုင်း၌ အာရှ တစ်နေရာတွင် ကျင်းပမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားသည်ဟု အင်န်အိတ်ခ်ျကေ သတင်းတွင် ဖော်ပြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုနှင့် ဖောက်စ် ရုပ်မြင်သံကြားသတင်းဌာနတို့ ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် အမေရိကန် နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့၏ ဒုတိယမြောက် ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အမည်ဖော်ပြခြင်းမရှိသော ဒေသသို့ အဖွဲ့တစ်ဖွဲ့ အား ၎င်းအနေဖြင့် စေလွှတ်ထားပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံတွင် အမေရိကန်သမ္မတနှင့် မြောက် ကိုရီးယားခေါင်းဆောင်တို့ ဒုတိယအကြိမ် ထိပ်သီးအစည်း အဝေး ကျင်းပဖြစ်ဖွယ်ရှိကြောင်း ခန့်မှန်းပြောကြားမှုများ ရှိခဲ့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထိပ်သီးအစည်းအဝေးကျင်းပမည့်နေရာကို ထုတ်ဖော် ပြောကြားခြင်းမရှိပေ။
ယင်းကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားကျွန်းဆွယ် တွင် အဏုမြူကင်းစင်ရေးနှင့် မြောက်ကိုရီးယားနိုင်ငံ၏ အနာဂတ်တောက်ပရေးအတွက် တောင့်တင်းခိုင်မာသော အခြေခံအုတ်မြစ်ကို ချနိုင်လိမ့်မည်နှင့် ရှေ့ဆက်နိုင်မည့် လမ်းကြောင်းသစ် စတင်နိုင်လိမ့်မည်ဟု ၎င်းမျှော်လင့် ကြောင်း ဝန်ကြီးပွန်ပီယိုက ပြောကြားသည်။
အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များသည် ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူ နိုင်ငံ၌ ၎င်းတို့၏ ပထမဆုံးသမိုင်းဝင် ထိပ်သီးချင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် စတီဖင်ဘီဂရန်းသည် တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်ခြားစစ်မဲ့ဇုန်အတွင်းရှိ အပစ်အခတ်ရပ်စဲသည့် ပန်မွန်ဂျုံကျေးရွာသို့ လာမည့် ရက်သတ္တပတ်တွင် သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် သတင်းမီဒီယာများက ရေးသားဖော်ပြကြ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment