ဘိုးရာဇာစာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ဖွင့်လှစ်
လေးမျက်နှာ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ဘိသ လွန်ကျေးရွာ "ဘိုးရာဇာစာကြည့်တိုက်"အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ စာကြည့်တိုက်အဝင်မုခ်ဦး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် စာကြည့်တိုက်အလှူရှင် ဦးစိန်ဝင်း-ဒေါ်ချိုချိုမိသားစု (စုလာဘ်တော် ဆောက်လုပ်ရေးလုပ်ငန်း)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်ကမ္ပည်းမော်ကွန်းကို အမွှေးနံ့ သာရည်တို့ဖြင့် ပက်ဖျန်းပေးသည်။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ တွင် ပြည်သူများ၏ စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးရေးကလည်း အရေးကြီးသည့်အတွက် ယနေ့စာကြည့်တိုက် ဖွင့်လှစ်ခြင်း၊ စာကြည့်တိုက်တစ်တိုက် ပေါ်ပေါက်လာခြင်းသည်လည်း လူမှုစီးပွားဖွံ့ဖြိုးရေးကို အ ထောက်အကူပြုသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ဤကဏ္ဍကို နိုင်ငံတော်၏ အားနှင့် ပြည်သူ များပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည့်အလျောက် ယနေ့ကဲ့သို့ရပ်ရွာအကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုး ကြသော အလှူရှင်များသည်လည်း နိုင်ငံတော်၏အင်အားများဖြစ်ပါကြောင်း၊ အလှူရှင် များကိုလည်း နိုင်ငံတော်အစိုးရကိုယ်စားနှင့် တိုင်းဒေသကြီးအစိုးရကိုယ်စား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အသိပညာဖွံ့ဖြိုးရေးကို အထောက်အကူပြု စေသည့် စာကြည့်တိုက်များ ထူထောင်ရေး၊ စာတတ်သူတိုင်းစာဖတ်ရေး အတွက် လည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလှမျိုးအောင်နှင့် တိုင်းဒေသကြီးစာကြည့်တိုက် များဖောင်ဒေးရှင်းမှ ဟင်္သာတခရိုင်တာဝန်ခံ ဦးစန်း ငွေတို့က စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးပြီး အလှူရှင် ဦးစိန်ဝင်းက စာကြည့်တိုက်စတင်ဆောင်ရွက်ခဲ့ပုံနှင့် စာကြည့်တိုက်လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းတင်ပြသည်။
ပေးအပ်လှူဒါန်း
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း တို့က စာအုပ်စာစောင်နှင့်အလှူငွေများ ပေးအပ်လှူဒါန်းကြရာ စာကြည့် တိုက်ကော်မတီဝင်များက လက်ခံရယူကြပြီး စာကြည့် တိုက်ကော် မတီဝင် ဦးမျိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါစာကြည့်တိုက်ကို အလှူရှင်မိသားစုက အလျား ၂၉ ပေ _ အနံ ၂၄ ပေ _ အမြင့် ၁၁ ပေရှိ (RCC) တစ်ထပ် အဆောက်အအုံအဖြစ် ဆောက်လုပ်လှူဒါန်းခြင်း၊ လျှပ်စစ်မီးအသုံး ပြုနိုင်ရန် အတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ ၂၁ လက်မ ရောင်စုံရုပ်မြင်သံကြားပြစက်တို့အား ငွေကျပ်ကျပ် သိန်း ၂၅၀ ကျော် အကုန်အကျခံကာ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ဘိသလွန်ကျေးရွာအုပ်စုသည် ကျေးရွာခွဲလေးရွာနှင့် ဖွဲ့စည်းထားပြီး လူဦးရေ ၂၃၀၀ ကျော်အား စာကြည့်တိုက်မှ စာပေအလင်းရောင်ပေးနိုင်တော့ မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ အသိပညာဖွံ့ဖြိုးကာ လူမှုစီးပွားဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ ထွန်းဇော်ထွန်း(မြို့နယ်ပြန်/ဆက်)

No comments:
Post a Comment