Sunday, February 3, 2019

ဆက်သွယ်ရေးလုပ်ငန်းများအတွက် မြေယာအသုံးပြုမှုစီမံခန့်ခွဲရေးကော်မတီ ပဉမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Image may contain: 1 person, sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂
ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် မြေယာအသုံး ပြုမှုစီမံခန့်ခွဲရေးကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးရုံး အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဆက်သွယ်ရေး အခြေခံ အဆောက် အအုံများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရေး၊ ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည် ဆောက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျင်မြန်စွာခွင့်ပြုနိုင်ရေး နှင့် ifh Broadband Master Plan ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးပြော ကြားသည်။
ထို့နောက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်က ဆက်သွယ် ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရကုမ္ပဏီ များမှ တင်ပြလာသည့် အခက်အခဲများ၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီး ဌာနသို့ လျှောက်ထားလာရာတွင် ဦးစီးဌာနက စိစစ်ခွင့်ပြုသည့်လုပ်ငန်း စဉ်များ၊ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများ တည်ဆောက် ရာတွင် သက်ဆိုင်ရာမြေနှင့် အဆောက် အအုံကို စီမံခန့်ခွဲခွင့်ရှိသူသို့ ပေးဆောင်ရသည့် အခကြေးငွေများနှင့် စပ်လျဉ်း၍ နည်းဥပ ဒေများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို တင်ပြ ဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆက်သွယ်ရေး အခြေခံအဆောက် အအုံများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် လယ်ယာ မြေအား အခြားနည်းသုံးစွဲခွင့်ဆိုင်ရာများ၊ ဆက်သွယ်ရေး အခြေခံအဆောက် အအုံများ တည် ဆောက်ရာတွင် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံ စီမံခန့်ခွဲခွင့်ရှိသူသို့ ပေးဆောင်ရသည့် အခကြေးငွေများ ဈေးနှုန်းကြီးမြင့်နေမှု စသည့် အခက်အခဲများ ဖြေရှင်း ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment