Tuesday, February 5, 2019


ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို စက်မှုသင်တန်းကျောင်းများနှင့် စက်ရုံများအားကြည့်ရှုစစ်ဆေး
Image may contain: 5 people, people standing and crowd
နေပြည်တော် ဖေဖော်ဝါရီ ၎
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုသည် ဖေဖော် ဝါရီ ၂ ရက်က အမှတ်(၁)စက်မှု သင်တန်းကျောင်း(ဆင်တဲ)သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုးချဲ့ဖွင့်လှစ်ရေး
ထိုသို့စစ်ဆေးစဉ် စက်မှုသင်တန်း ကျောင်း ကျောင်းအုပ်ကြီးက ပုံမှန် တစ်နှစ်သင်တန်းများပို့ချနေမှု၊ ဂျာမနီနိုင်ငံ GIZ နှင့် ပူးပေါင်း၍ မော်တော် ယာဉ်စက်ပြင် နှစ်နှစ်သင်တန်းများ တိုးချဲ့ဖွင့် လှစ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေမှု၊ စက်မှုသင်တန်း ကျောင်း(ဆင်တဲ)အနေဖြင့် ISO လက်မှတ်ရရှိရေး ဆောင်ရွက်ခဲ့မှုနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပေးအပ်လှူဒါန်း
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ် ခဲ့သည့် မင်းတုန်းမြို့နယ်ရှိ ယခင် ဝင်းသူဇာအရောင်းဆိုင်ဟောင်းနေရာ သို့သွားရောက်ခဲ့ပြီး စာကြည့်တိုက် ဖြစ်မြောက် ရေးကော်မ တီထံ စာကြည့် တိုက်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော သုတ၊ ရသစာအုပ်များနှင့် ဆက်စပ် ပစ္စည်းများကို ပေးအပ် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်တွင် Super One Dragon Co.,Ltd သို့ ငှားရမ်းထားသော ဆပ်ပြာစက်ရုံ (မကွေး)သို့သွားရောက်ကာ ရွှေဝါ ဆပ်ပြာ၊ ကာဘော်လစ် ဆပ်ပြာနှင့် ကိုယ်တိုက်ဆပ်ပြာအမွှေးခဲများ ထုတ် လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေ ရေးအတွက် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်၊ ဈေးကွက်ဝင် ထုတ်ကုန် အမယ်သစ်များ တိုးချဲ့ထုတ်လုပ်နိုင် ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက် ရန်၊ ဝန်ထမ်းများ သက်သာချောင်ချိ ရေးနှင့် ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက် CSR လုပ်ငန်းများ ဆောင်ရွက်ပေးရန် မှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၅)စက်မှုသင်တန်း ကျောင်း(မကွေး) သို့လည်း ကောင်း၊ ဆေးဆိုးပန်းရိုက် စက်ရုံဟောင်း (မကွေး) သို့လည်းကောင်း သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့် လည်းတွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment