နေပြည်တော် ဖေဖော်ဝါရီ ၂၆
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ
ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
(၁/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ
ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
တက်ရောက်အမှာစကား ပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချို၊ ဦးဟန်ဇော်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဗဟိုကော်မတီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေ နှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အထူးအလေးထားဆောင်ရွက်ပေး
အစည်းအဝေးတွင် ဒုတိယသမ္မတ က ယနေ့အစည်းအဝေးသည် လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ သတ္တမ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါ ကြောင်း၊ ဗဟိုကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူတို့၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများအပေါ် အမြန်ဆုံး စွန့်လွှတ်လွှဲပြောင်းနိုင်ရေးအတွက် မူဝါဒ လုပ်ငန်းစဉ်(၅၂)ချက်ကို အောက်ခြေ အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာဆောင်ရွက်စေရေး စီမံဆောင် ရွက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲများ၏ခရီးစဉ်များနှင့် မိမိတို့အဖွဲ့ခရီးစဉ်များတွင် ပြည်သူတို့၏ လိုလားချက်များနှင့် မြေသိမ်းခံတောင်သူတို့၏ တင်ပြချက် များကို အထူးအလေးထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
နိုင်ငံ၏အဓိကအခန်းကဏ္ဍတွင် ပါဝင်
မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုး ရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ လယ်ယာ မြေများနှင့် တောင်သူလယ်သမားများ သည် နိုင်ငံ၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ နိုင်ငံ၏ ပုံရိပ်တစ်ခု ဖြစ်သော မြေယာကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်ရာတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု များ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၂၁/၂၀၁၉) ဖြင့် ပြင်ဆင်ဖွဲ့စည်း ခြင်းအပေါ် သိရှိလိုက်နာဆောင်ရွက် နိုင်ရေးအတွက် ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း၊ သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးရေး ဆောင်ရွက်မှုအခြေ အနေများကို နိုင်ငံတော်အကြီးအကဲများ ထံ လစဉ်တင်ပြလျက်ရှိရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်နှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက "လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများမှာ တရား စွဲဆိုခံနေရခြင်းနှင့် ရရှိထားသည့် လုပ်ငန်းရှင်များကလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် တင်သွင်းသဖြင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီး အစိုးရများက တရားပြိုင်အဖြစ် ချေပ နေရခြင်းများရှိလာပါ၍ နိုင်ငံတော်၏မူဝါဒနှင့်အညီ အမြန်ဆုံးစိစစ်ရန်"ဟူ၍ လမ်းညွှန်မှာကြားထားရှိပါကြောင်း။
မူဝါဒ(၅၂)ချက်နှင့်အညီ စီမံဆောင်ရွက်
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် ကို ဗဟိုကော်မတီအနေဖြင့် လုပ်ငန်း လမ်းòန်ချက်အဖြစ်ခံယူပြီး နောက်ဆုံး ပြင်ဆင်သတ်မှတ်ထားသည့် မူဝါဒ(၅၂)ချက်နှင့်အညီ ထိထိရောက်ရောက် လျင်မြန်စွာ စီမံဆောင်ရွက်ပေးကြရန် အထူးအလေးထား မှာကြားလိုပါ ကြောင်း။
ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီ အဆင့်ဆင့်အနေဖြင့် မြေကိစ္စတိုင်ကြားစာများအပေါ် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ဗဟိုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက် မှုမရှိခြင်း၊ အထောက်အထားမှတ်တမ်း မှတ်ရာများ ပြည့်စုံစွာတင်ပြမှု မရှိခြင်း တို့ကြောင့် ဗဟိုကော်မတီက ပြန်လည် စိစစ်ရန်ပေးပို့ရသည့် အမှုတွဲများကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုအခါ ဝန်ကြီးဌာန များ အသုံးပြုရန် မလိုအပ်သောမြေများ ကို ပြန်လည်စွန့်လွှတ်ပေးအပ်လျက်ရှိရာ စွန့်လွှတ်သည့် ရည်ရွယ်ချက်မှာ မူလ ပိုင်ရှင်ထံပေးအပ်ရန်၊ ပိုလျှံပါက နိုင်ငံတော်မြေအဖြစ် အရန်ထားရှိရန်နှင့် အခြားလိုအပ်သော ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးရန်တို့ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးရန် မြေများနှင့် ပတ်သက်၍ လွှဲပြောင်းရယူ မည့် ဝန်ကြီးဌာနများအနေဖြင့် မြေလွှဲ ကိစ္စရပ်များ ပြီးစီးအောင် ဆောင်ရွက် သွားကြရန် ဖြစ်ပါကြောင်း။
ပိုလျှံအပ်နှံ၍ နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ထားသည့်မြေများကို အများ ပြည်သူအကျိုးရှိအောင် အသုံးပြုရန်နှင့် အသုံးမပြုပါက သေချာစွာ စာရင်း ရေးသွင်းထိန်းသိမ်းထားရှိရန် ဖြစ်ပါ ကြောင်း၊ မူလပိုင်ရှင်များသို့ ပြန်လည် လွှဲပြောင်းသည့်မြေများတွင် အချို့မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စွန့်လွှတ် ထားပြီး ဖြစ်သော်လည်း ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရေးတွင် အချိန် ကြန့်ကြာနေမှုများ၊ ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိခြင်းမရှိဘဲ အခြား သူထံသို့ ပေးအပ်ထားခြင်းများ၊ မူလ လက်ငုတ်နှင့် လက်ရှိလက်ငုတ်အငြင်းပွား နေမှုများဖြစ်ပွားနေသည်ကိုလည်း စိစစ် တွေ့ရှိနေရမှုများကြောင့် အမှုတွဲများ ပြီးပြတ်မှုမရှိဘဲ နှောင့်နှေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ကော်မတီဥက္ကဋ္ဌများ အနေဖြင့် အောက်ခြေ စိစစ်တွေ့ရှိချက် များနှင့် မြေပြင်ပကတိအခြေအနေ ကွဲလွဲမှုမရှိစေရေးအတွက် ကွင်းဆင်း စိစစ်ကြပ်မတ် ဆောင်ရွက်သွားကြရန် နှင့် တာဝန်ရှိသူများကို အဖွဲ့ဖွဲ့၍ တာဝန်ပေးအပ်သွားကြရမည် ဖြစ်ပါ ကြောင်း။
တိုင်ကြားစာအမှုတွဲပေါင်း ၇၁၁၉ မှုရှိ
ဗဟိုကော်မတီသို့ ရောက်ရှိလာသော တိုင်ကြားစာအမှုတွဲပေါင်း ၇၁၁၉ မှု ရှိပြီး သက်ဆိုင်ရာ ကော်မတီများသို့ စိစစ် ဆောင်ရွက်ရန် လွှဲပြောင်းပေးပို့ထားရာ ဗဟိုကော်မတီစိစစ်မှုအရ တိုင်ကြားစာ အမှုတွဲ ၃၁၆၈ မှုကိုသာ ဖြေရှင်းဆောင် ရွက်နိုင်ခဲ့ပြီး ကျန်ရှိသည့် တိုင်ကြားစာ ၃၉၅၁ မှုကို ပိုမိုအလေးထားဖြေရှင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
နောက်ဆုံးအခြေအနေများ ဆွေးနွေး
နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီများသို့ တိုက်ရိုက်တိုင်ကြား သော တိုင်ကြားစာအမှုတွဲများကို ဖြေရှင်း ဆောင်ရွက်မှု နောက်ဆုံးအခြေအနေ များနှင့် ယခင် ပြည်ထောင်စုလွှတ်တော် သက်တမ်းတွင် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေ နှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တိုင်ကြားစာများနှင့် ပတ်သက်၍ နေပြည် တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် လွှဲပြောင်းပေးပို့ထားသည့် စိစစ် တွေ့ရှိချက် အစီရင်ခံစာအပေါ် ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေ အနေများကိုလည်း ဆွေးနွေးကြစေလို ပါကြောင်း။
သတ္တမအကြိမ်မြောက်ဖြစ်
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက တင်ပြလာသည့်မြေကိစ္စရပ် များကို ဆောလျင်စွာ ဖြေရှင်းနိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားလှယ်များနှင့် ဝန်ကြီး ဌာနကိုယ်စားလှယ်များ သီးခြားအစည်း အဝေးများ ပြုလုပ်ဖြေရှင်းဆောင်ရွက် လျက်ရှိရာ ဆောင်ရွက်မှုအခြေအနေများ ကို ပြည်သူများ သိရှိနိုင်ရေးအတွက် သတင်းထုတ်ပြန် ကြေညာပေး သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီနှင့် ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှု များနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များ ညှိနှိုင်းဆောင်ရွက် နိုင်ရေးအတွက် ဗဟိုအဆင့် အစည်းအဝေးများ ကျင်းပခဲ့ရာ ယခု ဆိုလျှင် သတ္တမအကြိမ်မြောက်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်လတစ်ကြိမ် အစည်းအဝေးကို မဖြစ်မနေ ပြုလုပ်ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း။
ပိုမိုအားကိုးယုံကြည်လာမည်
အစည်းအဝေးများ ပြုလုပ်ရာတွင် အဆင့်ဆင့်သော ကော်မတီများကို နိုင်ငံတော် အကြီးအကဲများ၏ ခရီးစဉ် လမ်းòန်ချက်များ၊ လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များနှင့် နိုင်ငံတော်၏ မူဝါဒ များကို အလေးအနက် လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဗဟိုကော်မတီကချမှတ်ခဲ့သည့် အစည်း အဝေးဆုံးဖြတ်ချက်များနှင့် မူဝါဒ လမ်းညွှန်ချက်များကို အလေးအနက် အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ရေး တွန်းအားပေး ဆောင်ရွက်သွား ကြမှသာ ပြည်သူလူထုနှင့် မြေသိမ်းခံ တောင်သူတို့က မြေယာနှင့် ပတ်သက်၍ ပိုမိုအားကိုးယုံကြည်လာမည် ဖြစ်ပါ ကြောင်း။
ဆွေးနွေးပွဲများအလေးထားဆောင်ရွက်
ကော်မတီများအနေဖြင့် အောက် ခြေအဆင့်အထိ ကော်မတီရုံးများ သီးခြားဖွင့်လှစ်၍ လုံလောက်သည့် ဝန်ထမ်းအင်အားဖြင့် တာဝန်ပေးအပ် ထားရန်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေနိုင်ရေးအတွက် မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပိုမိုသိမြင်နိုင်ရန် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကို အလေးထားဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းနှင့် ဗဟိုကော်မတီအဖွဲ့ဝင် များအနေဖြင့် ဗဟိုကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြေပြင်တွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ဗဟိုကော်မတီမှ ပံ့ပိုးဆောင်ရွက်ပေး ရမည့် ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ အကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်း ရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ဗဟိုကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်း မှုများ၊ ဗဟိုကော်မတီ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦးက ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဗဟိုကော်မတီ၏ မူဝါဒ ၅၂ ချက်ပါ လမ်းòန်ချက်များနှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က ဖြည့်စွက်ဆွေးနွေး ကြသည်။
ထို့နောက် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ရှင်းလင်းတင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
သတင်းစဉ်

No comments:
Post a Comment