Wednesday, February 27, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၁၇) အကြီးစားစက်ရုံ(မလွန်)က ထုတ်လုပ်သည့် ယာဉ်နှင့် စက်ပစ္စည်းကိရိယာများ သွားရောက်ကြည့်ရှု





 နေပြည်တော် ဖေဖော်ဝါရီ ၂၆



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက် မင်းလှမြို့နယ် မလွန်ကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစား စက်မှု လုပ်ငန်း အမှတ်(၁၇)အကြီးစားစက်ရုံ(မလွန်)သို့ သွားရောက်ကြည့်ရှုသည်။
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
ရှေးဦးစွာ အစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့် တာဝန်ရှိသူများက စက်ရုံ သမိုင်းအကျဉ်း၊ လမ်းကြိတ်စက်နှင့် နောက်တွဲယာဉ်များ၊ ဆန်စက်ငယ်များ၊ လယ်ထွန် စက်များ၊ စပါးခြွေလှေ့စက်များ၊ သုံးဘီးမော်တော်ဆိုင်ကယ်များ၊ လယ်ယာသုံးစက် ပစ္စည်းများ၊ မြေပဲအခွံချွတ်စက်များ တပ်ဆင်ထုတ်လုပ်ရောင်းချပေးခဲ့မှု အခြေအနေများ ကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုအပ်သည်များ မေးမြန်း ဆွေးနွေးပြီး စက်ရုံ၊ အလုပ်ရုံများအတွင်း လှည့်လည်ကြည့်ရှုကြကာ စက်ရုံဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
အလှူငွေများပေးအပ်
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဘုရားကြီးရင်ပြင်တော် တွင် နေပူခံကျောက်ပြားများ ခင်းကျင်းနိုင်ရေးနှင့် ရင်ပြင်တော်အတွင်း၌ရှိသော သစ်ပင်များ ပတ်လည်၌ အက်ကွဲနေသောအုတ်ခုံများ သပ်သပ်ရပ်ရပ်ပြန်လည်ပြုပြင် မွမ်းမံရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးပြီး စေတီတော်မြတ် ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများအား ဂေါပကအဖွဲ့ထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment