Wednesday, February 27, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ကျိုင်းတုံနှင့် တာချီလိတ် လေဆိပ်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး





 နေပြည်တော် ဖေဖော်ဝါရီ ၂၆



ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်သည် ဖေဖော်ဝါရီ ၂၃ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံလေဆိပ်ရှိ လေဆိပ်ခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန လေယာဉ်ကွင်း စံချိန်စံòန်းနှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက ကျိုင်းတုံလေဆိပ်၏ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ ခရီး သည် ဝင်၊ထွက်သွားလာမှု၊ လေယာဉ် ဆင်းသက် အသုံးပြုမှုများ၊ လေဆိပ်ခရီး သည် နားနေဆောင်သစ် တည်ဆောက် ရန် လျာထားမှုနှင့် လိုအပ်ချက်များကို လည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ် ရေးမှူးနှင့် ဒေသခံများက လေဆိပ် အဆောက်အအုံ တည်ဆောက်မှုနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဆောက်အအုံ တည်ဆောက်ရာတွင် ရေရှည်အသုံးပြု နိုင်သည့် အဆောက်အအုံပုံစံရေးဆွဲရန်၊ ဒေသ၏ ရိုးရာယဉ်ကျေးမှုနှင့် လိုက်ဖက် မည့်ပုံစံများကိုပါ ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း မှာကြားပြီး လေဆိပ် အဆောက်အအုံ တည်ဆောက်မည့် နေရာနှင့် ဝန်ထမ်းအိမ်ရာများ၊ လက်ရှိ လေဆိပ်အဆောက်အအုံ ခရီးသည် နားနေဆောင်၊ ကျိုင်းတုံလေယာဉ် ပြေးလမ်း၊ လေယာဉ်ရပ်နားနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော် ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့ တာချီလိတ်လေဆိပ် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင် ရန် စီမံထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင် စုဝန်ကြီးက လေယာဉ်များ ဘေးအ္တရာယ်ကင်းရှင်းစွာ ဆင်းသက် နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်မှ ချမှတ်ထား သော စည်းမျဉ်းစည်းကမ်းအတိုင်း ဘေးကင်းလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ရန်၊ မြေပိုင်ဆိုင်မှု အထောက် အထားများအား သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် နောင်ဖြစ်ပေါ် တိုးတက်လာမည့် ခရီးသွားလာမှု အပေါ် မူတည်၍ လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အဆင့်လိုက် ဆောင်ရွက်သွားရန် မှာကြားပြီး လေဆိပ်ခန်းမဆောင်၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment