Saturday, February 2, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting
နေပြည်တော် ဖေဖော်ဝါရီ ၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဒုတိယအကြိမ်မြောက် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသော ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်းအား ယနေ့ ညနေ ၃ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
ယင်းသို့ တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပြည်သူများ၏ အပြန်အလှန် ဘုံအကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံခေါင်းဆောင်များ ချစ်ကြည် ရေးခရီးများ အပြန်အလှန်သွားရောက်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စရပ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအနေဖြင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ အကျိုးတူကိစ္စများ နှင့်ပတ်သက်၍ နိုင်ငံတကာ မျက်နှာစာတွင် စည်းလုံး ညီညွတ်စွာ အတူတကွရပ်တည် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်ဖက်အဆင်ပြေသင့်လျော်သည့် အချိန်တွင် လာရောက်လည်ပတ်ရန် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆင်က ဖိတ်ကြားမှုကိုလည်း ဒုတိယ ဝန်ကြီးချုပ် မစ္စတာ ပရတ်ဆုတ်ခွန်းက ထည့်သွင်းပြောကြား ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment