Wednesday, February 6, 2019

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန်ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ရေးစာချုပ် ချုပ်ဆို

Image may contain: 7 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၅
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန် ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင် များသို့ လုပ်ငန်းအပ်နှံဆောင်ရွက် ရေးအတွက် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ အရည်အသွေး ပြည့်မီရေး၊ အချိန်မီပြီးစီးရေးတို့နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားကြသည်။
ထို့နောက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ ရိုက်နှိပ်ရန် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ၊ ပုံနှိပ် တိုက်များမှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များက တွေ့ကြုံရနိုင် သည့် အခက်အခဲများကို ညှိနှိုင်း ဆွေးနွေးကြသည်။
ယင်းနောက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါ လက်ခံရေးနှင့် စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး(၂) အခြေခံ ပညာဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များစုဖွဲ့ထားသည့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်း(MPPA) ၊ အထက်မြန်မာ ပြည် ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင် များအသင်း (MRPPA) ၊ Excellent Printers Group (EPG) နှင့် နှစ်သစ်ဦးကုမ္ပဏီတို့မှ လုပ်ငန်းရှင် များ၊ ကိုယ်စားလှယ်များသည် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရေးစာချုပ် ချုပ်ဆိုကြသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပုံနှိပ် တိုက်များမှ လုပ်ငန်းရှင်များ၊ ကုမ္ပဏီ များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment