Friday, February 22, 2019

မြန်မာ-ကိုရီးယား နှစ်နိုင်ငံလွှတ်တော်များအကြား ရင်းနှီးချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များဆွေးနွေး


Image may contain: 4 people, people sitting and indoor


နေပြည်တော် ဖေဖော်ဝါရီ ၂၁
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကိုရီးယား-မြန်မာ လွှတ်တော်များအကြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr.Kim Jaewon အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ရင်းနှီး ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ်္စရပ် များ၊ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ်္စရပ်များ၊ စံပြကျေးရွာလှုပ်ရှားမှု(Saemau/ Undong) စီမံကိန်းအောက်တွင် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး နှင့် ပတ်သက်သည့် အစီအစဉ်ကိစ်္စ၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ရန်ကုန်-ဒလ) တံတားတည်ဆောက်ရေးစီမံ ကိန်းကိစ်္စ၊ အာဆီယံ-ကိုရီးယားဆွေးနွေးဖက်နိုင်ငံများ မိတ်ဖက် ဆက်ဆံရေးထူထောင်ခြင်းနှစ် (၃၀) ပြည့် ထိပ်သီးအစည်း အဝေးကျင်းပမည့်ကိစ်္စ၊ ကိုရီးယားနိုင်ငံမှ တရားဝင်‘ဖြိုး တိုးတက်မှုဆိုင်ရာ အကူအညီများ (ODA)ပေးအပ်ခြင်းကိစ္စ နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment