ဟားခါး ဖေဖော်ဝါရီ
၂၁
ချင်းပြည်နယ်
ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုနှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီ တွင် ကျင်းပသည့် အိပ်မက်တော်ရ
သစ္စာအောင်မြေကုန်းတော် ဇေတ၀န်တောရကျောင်းတိုက်အတွင်း တည်ထားလျက်ရှိသည့် န၀င်းပြည့်ဆုတောင်းပြည့်
လာဘ်ပေးရန်ကာ နဂါးရုံဘုရားကြီး ၏ ဌာပနာတော်သွင်း
မဟာမင်္ဂလာအခမ်းအနားကို တက်ရောက် ကြည်ညိုပြီး ဓာတ်တော်မွေတော်၊ ဗုဒ္ဓ ရုပ်ပွားဌာပနာတော်များ
ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားတွင်
နိုင်ငံတော်သမ်္မတနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက မဟာဗောဓိမြိုင်ရိပ်သာကျောင်းတိုက် ဆရာတော် မဟာကမ်္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ပညာဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်
များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် ဂုဏ်တော်ကိုးပါးကို နာယူ၍ လာဘ်ပေးရန်ကာ မုဒြာနဂါးရုံဘုရား ကြီးတွင် သွင်းလှူ ပူဇော်မည့် ဓာတ်တော်မွေတော် ဗုဒ်္ဓရုပ်ပွား ဌာပနာတော်များ နှင့် လှူဖွယ်ဝတ္ထုပစ်္စည်းများကို ချင်းတောင်တန်းသာသနာပြု ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ
တေဇောသာရထံ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးများ၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့
ရဲချုပ်နှင့် တာဝန် ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီးနောက်
ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာ ဘဒ္ဒန္တ
တေဇောသာရ ဟောကြားသည့် အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း
အမျှပေးဝေသည်။
သတင်းစဉ်
No comments:
Post a Comment