နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြည်သှူလွှတ်တော်၊ အစိုးရ၏အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ၀န်ကြီးဌာန ၂၇ ဌာန၊ တိုင်းဒေသကြီး / ပြည်နယ် ၁၃၊ခု တို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင် အဆောင်အမှတ် (I-3) အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်က ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်းအဝေး မှ ဒသမပုံမှန် အစည်းအဝေးများတွင် အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ် ခဲ့သော ကြယ်ပွင့်ပြ/ ကြယ်ပွင့်မပြ မေးခွန်းများနှင့် ပတ်သက်၍ ၀န်ကြီး ဌာနများအနေဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းစွာဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကော်မတီဝင်များက ဒုတိယအကြိမ် ပြည်သှူလွှတ်တော် ပထမပုံမှန်မှ ဒသမပုံမှန်အထိ အစည်း အဝေးများတွင် အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြ/ ကြယ်ပွင့်မပြမေးခွန်းများနှင့် ပတ်သက် ၍ ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများ၊ ဆောင်ရွက် ရန် ကျန်ရှိနေသော လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရှင်းလင်း တင်ပြမှုများအပေါ် ကော်မတီဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment