Friday, February 22, 2019
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အီးယူသံအမတ်ကြီးတို့ အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်သည် ဥရောပ ကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယဩန်ကြားရေးမှူးချုပ် Mrs. Helena Konig, Deputy Managing Director, Mrs. Paola Pampaloni, မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးMr. Kristian Schmid, Deputy Head of Unit, Ms. Alina Boiciuc, နှင့်Desk Officer, Mr. Dirk Buda နှင့်အဖွဲ့အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ရှင်းလင်းဆွေးနွေး
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့က မြန်မာနိုင်ငံသတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေ၊ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက် နေသည့် ဥပဒေအချို့အား ပြန်လည် ပြင်ဆင်ရေးသုံးသပ်နေမှုနှင့် ရခိုင် ပြည်နယ်သို့ သတင်းမီဒီယာများ စေလွှတ် ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်
Labels:
ပည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment