Wednesday, February 6, 2019

ပြုပြင်ပြောင်းလဲလိုစိတ်ကို ခိုင်ခိုင်မာမာမွေးမြူကြရန် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တိုက်တွန်းပြောကြား

Image may contain: 18 people, people smiling
ကျိုင်းတုံ ဖေဖော်ဝါရီ ၅
ကျိုင်းတုံမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့ညပိုင်းတွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အမှာစကားပြောကြားရာတွင် အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ရေးယ္တရားသည် နိုင်ငံတော်၏ အဓိက ကျောရိုးမကြီးဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံရေး စနစ်နှင့် လိုက်လျောညီထွေ တည်ဆောက်ကြခြင်းဖြစ်ပါ ကြောင်း၊ ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် ဆွေးနွေး ညှိနှိုင်းမှုများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကပေးထားသည့် နိုင်ငံရေးစနစ် အသက်ဝင် အောင် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ကြိုးပမ်း ဆောင်ရွက်ရမည့်အပြင် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဒီမိုကရေစီဖက်ဒရယ်စနစ်အတွက် အဆင်သင့်ဖြစ်အောင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကိုလည်း အစီအစဉ်တကျ ဆောင်ရွက်သွားနိုင်ရန် အရေးကြီးကြောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တာဝန်ထမ်းဆောင်ကြရသည့် အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့် ဒေသခံတိုင်းရင်းသား များနှင့် နီးနီးကပ်ကပ်လုပ်ကိုင်ဆောင်ရွက်နေကြရသည့် အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး သည် မိမိတို့နိုင်ငံ၏အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်မျှအထိအရေးပါ သည်ကို သိရှိထားရန် လိုအပ်ပါကြောင်း။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈)၏ သဘောတူညီချက်အရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြောင်းရွှေ့ ပြီးနောက် ပထမဆုံးအနေဖြင့် အုပ်ချုပ်ရေးယ္တရား တည်တည်ငြိမ်ငြိမ်ဖြစ်ရန် (Stability) ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုမှတစ်ဆင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု (Administrative Reform) ကို စဉ်တိုက်ဆက်တိုက်ဆောင်ရွက်သွားရန် စီစဉ်နေပါ ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရွှေ့ အပြောင်းကြောင့် မလိုလားအပ်သောအခက်အခဲများ မဖြစ်ပေါ်အောင် အုပ်ချုပ်ရေးယန္တရားတည်ငြိမ်ရေးကာလအဖြစ် ၂၀၁၉ ခုနှစ် ပထမသုံးလကို ရည်မှန်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် နောက်လာမည့် သုံးလတာအတွင်း ပြုပြင်ပြောင်းလဲမှုများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်နိုင်အောင် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ပြုပြင်ပြောင်းလဲလို စိတ်ကိုအခြေခံပြီး ပညာရှင်များ၏ ဆန်းစစ်လေ့လာ သုံးသပ်မှုများနှင့်ဆက်စပ်ကာ လက်တွေ့ကျကျ ထိထိ ရောက်ရောက် အရှိန်အဟုန်ဖြင့် တွန်းအားပေးဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
ယခုဖေဖော်ဝါရီလထဲတွင် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်၌ ကျင်းပသွားရန် စီစဉ်နေပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရှင်များ၏ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများ၊ သင်ခန်းစာများကို အခြေခံပြီး အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော အခြေအနေများတွင် မည်သည်တို့ကို ပြုပြင်ပြောင်းလဲ ကြမည်ကို ကိုယ်တိုင်ကိုယ်ကျ စဉ်းစားသုံးသပ်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးကြပြီး အပြောင်း အလဲများ ဖော်ဆောင်နိုင်မည့်လုပ်ငန်းစဉ်များကို ချမှတ် သွားရန်စီစဉ်ထားပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ယ္တရားပြုပြင်ပြောင်းလဲမှုကို လူထုနှင့် အနီးစပ်ဆုံး ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက အဓိက ဆောင်ရွက်မည့် ချဉ်းကပ်မှုမျိုးနှင့်လုပ်ငန်းစဉ်များကို စတင်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ရည်ရွယ်ချက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုစတင်ပြီး စဉ်းစား သုံးသပ်သည့်အချိန်မှစ၍ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း များ၏ ပြုပြင်လိုသော၊ ပြောင်းလဲလိုသော အတွေးအခေါ်၊ အယူအဆများပါဝင်နေရန် ဖြစ်ပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့် ယုံယုံကြည်ကြည် လေးလေးနက်နက် ပါဝင်မှလည်း မိမိတို့မျှော်မှန်းသည့် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နိုင် မည်ဟု ယုံကြည်ထားပါကြောင်း။
နိဂုံးချုပ်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း များသည် အစိုးရများမည်သို့ပင်ပြောင်းပြောင်း၊ နိုင်ငံရေး စနစ်များ မည်သို့ပင်ပြောင်းပြောင်း ခိုင်မာသောအဖွဲ့ အစည်းတစ်ရပ်အနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်ရေး ကျောရိုးမဏ္ဍိုင်ကြီးအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့ကြ ပြီးဖြစ်ပါကြောင်း၊ ယခုအချိန်သည် ပြုပြင်ပြောင်းလဲမှု များကို စံနမူနာပြဆောင်ရွက်ပေးနိုင်ရန် ပြည်သူများကို မျက်နှာမူသည့် အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ရပ်ဖြစ်လာရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်သည့် အတွက် အလေးအနက်မှာကြားလိုသည့်အဓိကအချက် (၃)ချက်ရှိပါကြောင်း။
နံပါတ်(၁)မှာ ပြည်သူများပါဝင်မှုကို မြှင့်တင်ပေး သော အထွေထွေအုပ်ချုပ်ရေးဖြစ်ပေါ်လာအောင် လူထု နှင့်တွေ့ဆုံတိုင်ပင်ပါ၊ လူထုဆီကအကြံÓဏ်ယူပါ၊ လူထု အတွက် အမြဲအသင့်ရှိနေအောင် ကြိုးစားပါ၊ ပြည်သူလူထု ပါဝင်မှု မြင့်မားမည်ဆိုပါက မိမိတို့၏ ပြုပြင်ပြောင်းလဲမှု များ မုချအောင်မြင်မည်ဖြစ်ကြောင်း၊ ပြည်သူများနှင့် တစ်သားတည်း ရပ်တည်ဆောင်ရွက်တတ်သည့် အုပ်ချုပ်ရေး ယ္တရားဖြစ်အောင် ကြိုးပမ်းပေးကြပါ၊ ပြည်သူများနှင့် နီးနီးနေပါ၊ ဝေးဝေးမနေပါနှင့်ဟုမှာကြားလိုပါကြောင်း။
နံပါတ်(၂)မှာ ကိုယ်ကျိုးစီးပွားနှင့် အဂတိတရား ကင်းစင်အောင်၊ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ပေးကြပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ကာ လူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဂရုတစိုက် ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ လာဘ်ပေးလာဘ်ယူကင်းစင်ပြီး သန့်ရှင်းသော အထွေထွေအုပ်ချုပ်ရေးယ္တရားဖြစ် အောင် ဦးတည်ကြိုးပမ်းရာတွင် မိမိတို့အနေဖြင့် အဂတိ လိုက်စားမှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဂတိတရားကင်းစင်အောင် မိမိကိုယ်ကိုတန်ဖိုးထားပါ၊ မိမိ၏စာရိတ္တကိုတန်ဖိုးထား ပါဟု မှာကြားလိုပါကြောင်း။
နံပါတ်(၃)မှာ ပြုပြင်ပြောင်းလဲရမည်ကိုမကြောက် ရန်နှင့် ပြုပြင်ပြောင်းလဲရမည်ကို သိထားပြီးဖြစ်သည့် အတွက် အပြောင်းအလဲများကိုရှေးရှုပြီး ပြုပြင်သင့်သည် များကို ရဲရဲတင်းတင်းပြုပြင်ကြပါ၊ တစ်ဦးချင်းခံယူချက်မှာ ပြုပြင်ပြောင်းလဲရန် အဆင်သင့်မဖြစ်သေးပါက လုပ်ငန်းစဉ်များနှင့် လိုက်လျောညီထွေမဟုတ်သည့်အပြင် စိတ်ဖိစီးမှုများကိုဖြစ်ပေါ် နိုင်ပါကြောင်း၊ မည်သည့်ကဏ္ဍတွင်မဆို ပြုပြင်ပြောင်းလဲမှုသည် တစ်ဦးချင်း၏ စိတ်ဓာတ်၊ ယုံကြည်မှု၊ ခံယူချက်များမှ စတင်သည်ဖြစ်၍ ပြုပြင်ပြောင်းလဲလိုစိတ်ကို ခိုင်ခိုင်မာမာမွေးမြူကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့ ဝန်ထမ်းများအနေဖြင့် စိတ်ချမ်းချမ်းသာသာ၊ ပျော်ပျော် ရွှင်ရွှင်ဖြင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ကြပြီး" ပြုပြင်ပြောင်းလဲမှု စံနမူနာပြထွေအုပ်က"ဟု ဆိုနိုင်သည်အထိ ဖြစ်ပေါ်လာ အောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းပေးပြီး ဝန်ကြီးဌာန၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာဆောင်ရွက်ရန်မှာကြားသည်။
သတင်းစဉ်

No comments:

Post a Comment