Saturday, February 2, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူးမြို့တွင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေး

Image may contain: 1 person, standing, wedding, crowd and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိပြီး ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ် ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေး ပြောကြားသည်။
လိုအပ်ချက်များတင်ပြ
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါင်လန်ဖူးဒေသဆိုင်ရာ အချက်အလက် များ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများ နှင့် ဒေသလိုအပ်ချက်များအားလည်းကောင်း၊ ရပ်မိရပ်ဖတစ်ဦးက ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား လည်းကောင်း တင်ပြကြသည်။
ခေါင်လန်ဖူးမြို့ တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများက အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ရန်လိုကြောင်း၊ ဒေသခံများအနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် မြေပေါ်မြေအောက် သယံဇာတများအား ဝိုင်းဝန်းကာကွယ်စောင့် ရှောက်ပေးရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး ကိုထိခိုက်နှောင့်နှေးစေသည့် မူးယစ်ဆေးဝါး ပြဿနာများကိုလည်း ဒေသတွင်း လုံးဝအဝင် မခံရန်လိုကြောင်း၊ စီးပွားရေးအတွက်ဒေသတွင်းဆန်ဖူလုံရေး၊ ဒေသနှင့်ကိုက်ညီသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များထုတ်လုပ် နိုင်ရေး မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများညှိနှိုင်း တိုင်ပင်ဆောင်ရွက်စေလိုကြောင်းပြောကြား သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဒေသခံတိုင်းရင်းသားများအတွက် ဒံပေါက်များနှင့် ခေါက်ဆွဲကြော်ဘူးများအား လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများက ကြက်ဥ၊ ခေါက်ဆွဲခြောက်စသည့် စားသောက်ဖွယ်ရာ များနှင့် MEC Tel တယ်လီဖုန်း ဟန်းဆက် များနှင့် တယ်လီဖုန်းကတ်များကိုလည်း ကောင်း ပေးအပ်ကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးနှင့်အဖွဲ့ဝင်များသည် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခေါင်လန်ဖူးမြို့ ရှိ ဒေသခံပြည်သူများသက်သာချောင်ချိရေး အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖွင့်လှစ်ထားသည့် သက်သာချောင်ချိရေး အရောင်းဆိုင်အား ကြည့်ရှုစစ်ဆေးပြီး ကောမလဝန္နနာစေတီတော်အား ဖူးမြော် ကြည်ညိုသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မဂွေဇ-ခေါင်လန် ဖူး လမ်းဖောက်လုပ်နေမှု အခြေအနေများ အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment