Wednesday, February 27, 2019

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ရေးဆပ်ကော်မတီရှစ်ခု၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး




Image may contain: one or more people, table and indoor
 နေပြည်တော် ဖေဖော်ဝါရီ ၂၆ 



မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာဆပ်ကော်မတီရှစ်ခု၏ ရှေ့လုပ်ငန်း စဉ်များနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ညီတူညီမျှရရှိခံစားခွင့်
ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာတွင် ယနေ့ အစည်း အဝေးသည် မသန်စွမ်းသူများ၏ အခွင့် အရေးတို့ကို ဖော်ဆောင်ရန် လက်တွေ့ ကျသည့် အစည်းအဝေးဖြစ်သည့်အတွက် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော် အနေဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူ ပြည်သားအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်များသည် ပြည်သူများ၏ အခွင့်အရေးတို့ကို ညီတူ ညီမျှ ရရှိရေးအတွက် ဦးတည်ဆောင်ရွက် ရာတွင် လိုအပ်သည့်နေရာတို့ကို ဦးစား ပေး ဖြည့်ဆည်းဆောင်ရွက်ပေးပါက ညီတူ ညီမျှ ရရှိခံစားခွင့်တို့ကို ပိုမိုလက်တွေ့ ကျကျ အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သို့ ရောက်ရှိနိုင်ရန် ဆောင်ရွက် နေပါကြောင်း၊ ဖက်ဒရယ်စနစ်ကို အခြေခံခြင်းသည် သာတူညီမျှ၊ တန်းတူ ညီမျှ၊ ခွင့်တူညီမျှ စနစ်ကိုဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင်လည်း လူတိုင်း အခြေခံလူ့အခွင့်အရေးတို့ကို တန်းတူညီမျှရရှိရေး ဆောင်ရွက်ရပါ ကြောင်း၊ တိုင်းရင်းသားအားလုံး စုပေါင်း နေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ တွင် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်း ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ် လိုအပ်ပါကြောင်း၊ မည်သှူကိုမျှ ဖယ်ချန် ထားခြင်း မရှိအောင်လည်း ဆောင်ရွက် ရပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများ ဖြစ်သည့် သက်ကြီးရွယ်အိုများ၊ အမျိုး သမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်း သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်၍ နိုင်ငံတော်က ဦးစားပေး လုပ်ငန်းများအဖြစ် အားလုံးပါဝင်အောင် ဆောင်ရွက်နေပါကြောင်း။
အကာအကွယ်ရှိသော ပတ်ဝန်းကျင်
ဝန်ကြီးဌာန၏ မူဝါဒအတိုင်း လူတိုင်းအခြေခံ လှူအခွင့်အရေးရရှိရေး၊ လှူဂုဏ်သိက္ခာနှင့် ပြည့်စုံသည့် လှူအသိုင်း အဝိုင်း ဖော်ဆောင်ရေးနှင့် ဘေးအန္တရာယ် များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိသည့် လှူအသိုင်းအဝိုင်းဖော်ဆောင် ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများ၏ အခွင့်အရေးများကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် ဆပ်ကော်မတီရှစ်ခု၏ ယနေ့ အစည်း အဝေးသည် ၎င်းဦးတည်ချက် မူဝါဒကို အခြေခံပြီး မသန်စွမ်းများ၏ လိုအပ်ချက် တို့ကို ဖြည့်ဆည်းရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် ဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီရှစ်ခု ဖြင့် မဟာဗျူဟာစီမံကိန်းအား ချမှတ် နိုင်ရေး လက်တွေ့ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ စံချိန်စံòန်းများအပြင် အာဆီယံဒေသတွင်း နိုင်ငံများနှင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက ဆောင်ရွက်သော မသန်စွမ်း ကိစ္စရပ်များနှင့် ကိုက်ညီရန် လိုအပ် သဖြင့် ဆပ်ကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များ ဖော်ဆောင်ရာတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးကြရန် မျှော်လင့်ပါကြောင်း၊ မသန်စွမ်းသူများ အတွက် အတားအဆီးမဲ့ပြီး အကာ အကွယ်ရှိသော ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်ရန် ဝန်ကြီးဌာန အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ပြည်သူများနှင့် လက်တွဲ၍ အခက်အခဲ၊ အဟန့်အတား၊ အနှောင့်အယှက် ကင်းကင်းဖြင့် ဆောင်ရွက်သွားနိုင်ရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် UNICEF (မြန်မာ) ၏ ဒုတိယဌာနကိုယ်စားလှယ်Mr. Pawl Edwards က ပူးပေါင်းဆောင်ရွက်မှုများ ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ဆပ်ကော်မတီအသီးသီး ၏ ဖွဲ့စည်းပုံ၊ တာဝန်ဝတ္တရားများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ခဲ့သည်။
ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲ ချမှတ်နိုင်ရန် လုပ်ငန်းစဉ်အဆင့်ဆင့် အား ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment