Thursday, February 28, 2019

အန္တရာယ်ရှိ တမာပင်အခြောက်ကြီး အမြန်ဆုံးရှင်းပေးစေလို



ထင်သာမြင်သာပြုပြင်စရာ


မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်မြို့ အောင်မင်္ဂလာရပ်ကွက် မီးရထားဝန်ထမ်းအိမ်ရာတွင် သက်တမ်းရင့် တမာပင်အခြောက်ကြီးတစ်ပင်ရှိရာ အဆိုပါ တမာပင်ခြောက်ကြီးကို လွန်ခဲ့သည့်တစ်နှစ်က ကိုင်းဖျားကိုင်းနားများကို ခုတ်ထွင်ခဲ့ပြီး ပုံပါအတိုင်းထားခဲ့သည်။
အသက်အန္တရာယ်ရှိပါ၍ သက်ဆိုင်ရာသို့ အကြောင်းကြားရန် ပြောသော်လည်း အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိပါ။ လွန်ခဲ့သောလအနည်းငယ်က မြစ်ငယ်မြို့ သော်ကရပ်ကွက်တွင် ညောင်ပင်ပိပြီး လူသေဆုံးမှုဖြစ်စဉ်ရှိထား၍ လေပြင်းများ တိုက်ခတ်ပါက ယင်းတမာပင်ခြောက်ကြီးသည် ဘေးအိမ်များပေါ် ပိ၍ လူ့အသက် အန္တရာယ်ရှိနေပါသောကြောင့် အမြန်ဆုံးရှင်းလင်းပေးစေလိုကြောင်း ရပ်ကွက် နေပြည်သူများထံမှ သိရသည်။ မောင်မောင်စိုး (မြစ်ငယ်)

No comments:

Post a Comment