Thursday, February 28, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မကွေးတပ်နယ်နှင့် မြင်းခြံတပ်နယ်ရှိ တပ်မတော်အကြီးစားစက်ရုံများကို ကြည့်ရှုစစ်ဆေး
Image may contain: 11 people
နေပြည်တော် ဖေဖော်ဝါရီ ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို သည်။
လှည့်လည်ကြည့်ရှု
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် မကွေးတပ်နယ်ရှိ တပ်မတော်အကြီးစားစက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှထုတ်လုပ်ခဲ့သည့် TATA Truck မော်တော်ယာဉ်များနှင့် မော်တော်ယာဉ်ထုတ်လုပ်ရန် တပ်ဆင်ထားရှိသည့် Truck Assembly Line များအားလည်းကောင်း၊ City Bus နှင့် Innlay Jeep ကားများအတွက် လိုအပ်သည့် Gear Box များ ထုတ်လုပ် တပ်ဆင်နေမှုအခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားပြီး စက်ရုံဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံမှ Innlay Jeep အတွက်Gear Box များ ထုတ်လုပ်နိုင်ခြင်းအတွက် စက်ရုံဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။
ထို့နောက် မြင်းခြံတပ်နယ်ရှိ တပ်မတော်အကြီးစားစက်ရုံသို့ ရောက်ရှိ ကြရာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက မော်တော်ယာဉ်များ အတွက် လိုအပ်သည့် Light Truck Axle ၊ Heavy Duty Truck နှင့် Innlay Jeep Axle များ ထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ်များအတွက် လိုအပ်သည့် Axle များ တပ်ဆင် ထုတ်လုပ်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စက်ရုံမှ Innlay Jeep အတွက် Axleများ ထုတ်လုပ်နိုင်ခြင်းအတွက် စက်ရုံဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
အမှာစကားပြောကြား
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံများရှိ ဝန်ထမ်း များအား တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment