Friday, January 4, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ UNFPA ကိုယ်စားလှယ် Mr.Ramanathan Balakrishnan ခန့်အပ်လွှာပေးအပ်
Image may contain: 2 people, people smiling, people sitting and indoor
နေပြည်တော် ဇန်နဝါရီ ၃
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် မြန်မာ နိုင်ငံဆိုင်ရာ UNFPA ကိုယ်စားလှယ်အဖြစ် စတင်တာဝန် ထမ်းဆောင်မည့် Mr.Ramanathan Balakrishnan အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ ဆုံစဉ် Mr.Ramanathan Balakrishnan က ၎င်း၏ ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်သည်။
တွေ့ဆုံဆွေးနွေးစဉ် လိင်ပိုင်း ဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အမျိုးသမီး အကြမ်းဖက်မှုကာကွယ် ရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံနှင့် UNFPA တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းစဉ်၌ UNFPA မှ နည်းပညာနှင့် ဘဏ္ဍာ ရေးအကူအညီများ ဆက်လက်ပံ့ပိုး ပေးအပ်ရေးကိစ္စနှင့် UNFPA ၏ စတုတ္ထအကြိမ် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈-၂၀၂၂) အတွက် သဘော တူညီချက် လက်မှတ်ရေးထိုး ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment