Friday, January 4, 2019

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Image may contain: 4 people, people smiling, people sitting, people standing, table, crowd and indoor
နေပြည်တော် ဇန်နဝါရီ ၃
လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်း အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းနှင့် သက်ဆိုင်သော ဦးစီးဌာနအသီး သီးမှ တာဝန်ရှိသူများ၊ လူ့စွမ်းအား ဖွံ့ဖြိုး မှုအညွှန်းကိန်းများ လက်စွဲ စာအုပ် ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့ဝင်များနှင့် လေ့လာသူများ တက်ရောက် ကြသည်။
ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်တွေ့ အသုံးပြုမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ၁၉၉၇ ခုနှစ်မှစ၍ စဉ်ဆက်မပြတ် ကျင်းပခဲ့ရာ ယခုအကြိမ်ဆိုလျှင် ၁၉ ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလည်း စာအုပ်ထုတ်ဝေ နိုင်ခဲ့ရာ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် ဆက်လက်အကောင်အထည်ဖော်ထုတ်ဝေနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာ နများ၊ အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဌာနများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်း များမှ ကိုယ်စား လှယ်များ ပါဝင်သည့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပုံမှန်ပြုစု ထုတ်ပြန်နိုင်ရေး အထောက် အကူပြုလုပ် ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အညွှန်းကိန်းများပါဝင်သည့် လူ့စွမ်း အားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲ စာအုပ်ကို ပြုစုထုတ်ဝေနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ
လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း များ လက်စွဲစာအုပ်ကို ဝန်ကြီးဌာန အားလုံးတစ်ပြေးညီ ရည်ညွှန်းကိုးကား အသုံးပြုရေးနှင့် ရေရှည် တည်တံ့ ဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ လူ့စွမ်းအားဆိုင်ရာစီမံကိန်းများကို စနစ်တကျရေးဆွဲ အကောင်အထည်ဖော်ရန် တိကျမှန်ကန်သည့် လူ့စွမ်း အားဆိုင်ရာ စာရင်းအင်း အချက်အလက်များ ရရှိရေးသည် အဓိကကျပါကြောင်း။
ဝန်ကြီးဌာန အားလုံးအနေဖြင့် စာရင်းအင်းကိစ္စများနှင့် လွတ်ကင်းသည့် ဌာနမရှိသကဲ့သို့ စာရင်းအင်း ကိစ္စများ ကိုဆောင်ရွက်ရာတွင် နိုင်ငံတကာ စာရင်းအင်းစနစ်များနှင့် ကိုက်ညီမှုရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာန အား လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာလျှင် အဆင်ပြေ မည်ဖြစ်၍ စစ်တမ်းများ၊ သန်းခေါင် စာရင်းများ ကောက်ယူပါက ဝန်ကြီးဌာနများအကြား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါ ကြောင်း။
ဝိုင်းဝန်းဆွေးနွေးအကြံပြု
လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်သည် အစိုးရဌာန များ၊ NGO များနှင့် ရင်းနှီးမြှုပ်နှံမှုပြု မည့်သူများအတွက် များစွာ အထောက်အကူ ဖြစ်စေခြင်းကြောင့် အညွှန်းကိန်းများ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းအကြံပေး ကြိုးပမ်းအကောင်အထည်ဖော်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲ စာအုပ်သည် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တစ်ခုတည်း အားထုတ်ဆောင်ရွက်၍မရဘဲ ဆက်စပ်ဌာနများ အားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင် မည်ဖြစ်၍ ပိုမိုအရည် အသွေးပြည့်ဝသည့် လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲ စာအုပ်ဖြစ်မြောက်ရေးနှင့် အချက် အလက်များ ပြည့်စုံမှန်ကန်စေရေး တို့အတွက် တက်ရောက်လာသော ကိုယ်စားလှယ်များအနေဖြင့် ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်က နှုတ်ခွန်းဆက် စကားပြော ကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်ကလူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန် နိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ယခင်နှစ်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်း စဉ်များ အပေါ် အကောင်အထည်ဖော် နိုင်မှု အခြေအနေများကို သုံးသပ် တင်ပြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ရေရည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် ရရှိနိုင်မည့် အညွှန်းကိန်းများရရှိရေး၊ ပုဂ္ဂလိက ကဏ္ဍမှ အညွှန်းကိန်းများရရှိစေရေး နှင့် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ် ပိုမိုတိုးတက်ရေး တို့အတွက် အဖွဲ့လိုက် ဆွေးနွေးသုံးသပ် အကြံပြုတင်ပြကြပြီး အဖွဲ့လိုက်တင်ပြ ချက်များအပေါ် ပြန်လည်သုံး သပ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်

Like
Comment
Comments
Write a comment...

No comments:

Post a Comment