Sunday, January 6, 2019

The Marriott နိုင်ငံတကာ ဟိုတယ်အုပ်စု၏ နိုင်ငံကူးလက်မှတ် အချက်အလက်များ ခိုးယူခြင်းခံရ
Image may contain: tree, plant and outdoor
ဝါရှင်တန် ဇန်နဝါရီ ၅
အမေရိကန်ပြည်ထောင်စု မာရီလန်း ပြည်နယ်ရှိ The Marriott နိုင်ငံတကာ ဟိုတယ်အုပ်စုက ၎င်း၏ ဟိုတယ်လုပ်ငန်းဆိုင်ရာ အသေးစိတ် အချက်အလက်များ ခိုးယူခြင်းခံခဲ့ရ သည်ဟု မီဒီယာသို့ ပြောကြားခဲ့ ကြောင်း ယနေ့ အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
ပျောက်ဆုံးခဲ့
အဆိုပါ ဟိုတယ်၏ ဝက်ဘ်ဆိုက် အား ခိုးယူခြင်းခံခဲ့ရပြီးနောက် ၂၅ ဒသမ ၅ သန်း နိုင်ငံကူးလက်မှတ် နံပါတ်များ ပျောက်ဆုံးခဲ့သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ ယင်းတို့ အနက် နိုင်ငံကူးလက်မှတ် ၅ ဒသမ ၂၅ သန်းခန့်၏ နံပါတ်များမှာ ပြောင်းလဲထားခြင်း ခံရသည်ဟု ၎င်းတို့က ဆက်လက်ပြောကြားခဲ့ သည်။
နိုဝင်ဘာလ နှောင်းပိုင်းတွင် ဟိုတယ်သို့ လာရောက်တည်းခိုမည့် ဧည့်သည် သန်း ၅၀၀ ခန့်၏ ကြိုတင် စာရင်း ပေးသွင်းထားသည့် အချက်အလက်များ ခိုးယူခံခဲ့ရပြီးနောက် အထက်ပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု အဆိုပါ ဟိုတယ်ကုမ္ပဏီ အုပ်စုက ဆိုသည်။
အကြံပြုပြောကြားခဲ့
ယင်းသို့ ဧည့်သည်များ၏ အချက် အလက်များခိုးယူမှု ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဧည့်သည်တော်များ ကျေနပ် သည့်တိုင် ဆက်လက်အဖြေရှာဖော်ထုတ်မည်ဖြစ်သည်ဟု ဟိုတယ် ကုမ္ပဏီအုပ်စုက ပြောကြားခဲ့သည်။
သတင်းအချက်အလက် ခိုးယူမှု နောက်ကွယ်တွင် တရုတ်နိုင်ငံက ကြိုးကိုင်နိုင်ဖွယ်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment