Sunday, January 6, 2019

အစိုးရယန္တရားလည်ပတ်မှု ရပ်ဆိုင်းခြင်းကို တစ်နှစ်ကျော်သည့်တိုင် စောင့်ဆိုင်းနိုင်သည်ဟု သမ္မတထရန့်ဆို
Image may contain: 5 people, people standing and suit
ဝါရှင်တန် ဇန်နဝါရီ ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မက္ကဆီကိုနယ်စပ် အုတ်တံတိုင်းကာရံရန် လွှတ်တော်အား ရသုံး ငွေခွင့်ပြုရန် အခိုင်အမာဆက်လက်တောင်းခံလျက်ရှိပြီး အမေရိကန် အစိုးရယန္တရားလည်ပတ်မှု ရပ်ဆိုင်း ထားခြင်းကို တစ်နှစ်ကျော်ခန့် ကြာမြင့်သည့်တိုင် ၎င်းအနေဖြင့် ပြင်ဆင်ထား သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက်တွင် သမ္မတထရန့်က ဒီမိုကရက်တစ် ပါတီဝင်များနှင့် အစိုးရယန္တရားပြန်လည် လည်ပတ်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ပေ။
သမ္မတထရန့်က ၎င်းတောင်းဆိုထားသည့် နယ်စပ် တံတိုင်းကာရံရန်ရသုံးစွဲငွေကို လွှတ်တော်က ခွင့်ပြုပေးမှု မရှိပါက အစိုးရယန္တရားရပ်ဆိုင်းမှုသည် မည်မျှအချိန် ကြာမြင့်စေကာမူ ၎င်းအနေဖြင့် စောင့်ဆိုင်းနိုင်ပါကြောင်း နှင့် အဆိုပါအခက်အခဲအတွက် ပြင်ဆင်ထားပြီးဖြစ် ကြောင်း သမ္မတထရန့်က ပြောကြားခဲ့သည်။
အစိုးရယန္တရားရပ်ဆိုင်းလျက်ရှိသော်လည်း ဝန်ထမ်းများသည် လစာငွေမရရှိဘဲ ဆက်လက်တာဝန်ထမ်း ဆောင် လျက်ရှိကာ ၎င်းအားကူညီထောက်ပံ့ပေးလျက်ရှိ သည်ဟု သမ္မတထရန့်က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီ က အုတ်တံတိုင်းကာရံခြင်းသည် မကောင်းမှုဒုစရိုက်အမှု တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ပြီး သမ္မတထရန့်တောင်းဆို ထားသည့် အုတ်တံတိုင်းကာရံရန် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကို ပယ်ချခဲ့သည်။
အစိုးရယန္တရားရပ်ဆိုင်းမှုကြောင့် ဝန်ထမ်း ရှစ်သိန်း ကျော်သည် ဒီဇင်ဘာ ၂၂ ရက်မှစပြီး လစာငွေ ရရှိခြင်း မရှိဘဲ ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment