Sunday, January 6, 2019

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ သွားရောက်မည်
Image may contain: 1 person, closeup
ဝါရှင်တန် ဇန်နဝါရီ ၅
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် လာမည့်ရက်သတ္တပတ်အတွင်း အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားသည်ဟု အင်န်အိတ်ခ်ျကေ သတင်းတွင် ဖော်ပြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုသည် ဇန်နဝါရီ ၈ ရက်မှ ၁၅ ရက်အတွင်း အီဂျစ်နှင့် ဆော်ဒီ အာရေ ဗျနိုင်ငံများအပါအဝင် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံရှစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ဆော်ဒီအာရေဗျခေါင်းဆောင်များနှင့် တွေ့ဆုံရာ တွင် ဒေသတွင်း၌ ဦးစားပေးကိစ္စရပ်များဖြစ်သည့် ယီမင် နှင့် ဆီးရီးယားနိုင်ငံအရေးများကို ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက စီစဉ်ထားပြီး ဆော်ဒီအာရေဗျ နိုင်ငံသား သတင်းစာဆရာ ဂျမဲလ်ခါရှော့ဂီ သတ်ဖြတ်ခံရ မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ၏နောက်ဆုံး အခြေအနေများကို မေးမြန်းမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် အီဂျစ်နိုင်ငံ တွင် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်၏အာမခံချက် နှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားမည်ဖြစ် သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့(အိုင်အက်စ်) စစ်သွေးကြွများ အာဏာ ပြန်လည် မရရှိရေးတားဆီးရန် ကတိပြုမှုများနှင့် ဒေသ တွင်း၌ အီရန်နိုင်ငံ၏ဩဇာလွှမ်းမိုးမှု ကြီးထွားလာခြင်း အား ခွင့်မပြုကြောင်းတို့ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားမည်ဟုမျှော်လင့်ရသည်။
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျွန်ဘော်တန်သည်လည်း လာမည့်ရက်သတ္တပတ်တွင် တူရကီသို့သွားရောက်ရန် စီစဉ်ထားသည်။
ဆီးရီးယားနိုင်ငံတွင်းမှ အမေရိကန်တပ်ဖွဲ့ ရုပ်သိမ်း မည်ဟု ကြေညာခဲ့ပြီးနောက်တွင် ယင်းဒေသတွင်း၌ အမေရိကန်၏ ဩဇာလျော့ပါးသွားခြင်းမရှိကြောင်း အမေရိကန်အစိုးရက ပြသလိုခြင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အမေရိကန်တာဝန်ရှိသူများ၏ ယင်းခရီး စဉ်များ လုပ်ဆောင်ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောကြားကြသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment