Sunday, January 6, 2019

မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ အမြင့်ပေ ၇၇၅၂ ပေရှိ အရှေ့မြင်အနောက်မြင်တောင်သို့ အောင်မြင်စွာ တက်ရောက် 
Image may contain: one or more people, mountain, outdoor and natureရွာငံ ဇန်နဝါရီ ၅

မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့မှ အဖွဲ့ဝင် ၁၃၈ ဦးသည် ရွာငံမြို့နယ် လုပ်ပြင်ကျေးရွာအနီးတွင်တည်ရှိပြီး အမြင့်ပေ ၇၇၅၂ ပေမြင့်သည့် အရှေ့မြင် အနောက်မြင်တောင်ပေါ်သို့ ဇန်နဝါရီ ၅ ရက် နံနက် ၁၁ နာရီက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
"အရှေ့မြင်အနောက်မြင်တောင်ကိုတက်ဖို့ မနေ့ကညပိုင်းမှာ တောင်ခြေ က လုပ်ပြင်ကျေးရွာမှာ မိတ္ထီလာ ခြေလျင်တောင်တက်အဖွဲ့ဝင်အားလုံး ညအိပ် ကြပါတယ်။ မနက် ၅ နာရီက စတင်ပြီးတော့ အမျိုးသမီး ၈၈ ဦး၊ အမျိုးသား ၅၀ ပါဝင်တဲ့ ကျွန်တော်တို့တောင်တက်အဖွဲ့သားတွေ တောင်တက်ခရီးကို စတင်ထွက်ခွာ ပါတယ်။ တောင်ထိပ်ပေါ်အထိကို မနက် ၁၁ နာရီမှာ အောင်အောင်မြင်မြင်နဲ့ တက်ရောက်နိုင်ခဲ့ပါတယ်"ဟု မိတ္ထီ လာခြေလျင်နှင့် တောင်တက်အဖွဲ့ဥက္ကဋ္ဌ ကိုဝင်းမျိုးသက်က ပြောသည်။
မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့၏ ၂၀၁၈ တောင်တက်ရာသီတွင် တောင်တက်ခရီးစဉ် ရှစ်ခုအနက် ခြောက်ခုမြောက်တောင်အဖြစ် အရှေ့မြင် အနာက်မြင်တောင်ကို တက်ရောက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ဒုတိယ ပတ်တွင် မဲနယ်တောင်နှင့် မတ်ဒုတိယပတ်တွင် ဖုန်ကန်ရာဇီရေခဲတောင်များကို တက်ရောက် သွားမည်ဖြစ် ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)

No comments:

Post a Comment