Sunday, January 6, 2019

မိုင်းခတ်၌ အာခါရိုးရာနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Image may contain: one or more people, sky and outdoor
မိုင်းခတ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ် တွင် အာခါတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီက ပါဆန်ကျ ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ရှေးဦးစွာ အာခါစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအားဖာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝန်း ဆမ်နှင့် တာဝန်ရှိသူတို့က နှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် ပွဲတော်သို့ တက်ရောက် လာကြသည့် ဘိုးဘွား၊ မိဘများ၊ ဆရာသမား များနှင့် အကြီးအကဲများအား ဂါရ၀ပြုခြင်းနှင့် နှစ်ဟောင်း မှ အညစ်အကြေးများ နှစ်သစ်တွင်စင်ကြယ်စေရန် ရိုးရာဓလေ့ဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာပြုလုပ်ပေးပြီး အာခါရိုးရာမြေဝိုင်းအက၊ တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါနှစ်သစ်ကူးပွဲတော်သည် အာခါတိုင်းရင်း သားများ၏ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ ဆက်လက် ထိန်းသိမ်းမြှင့်တင်နိုင်စေရန် ရပ်နီးရပ်ဝေးမှ အာခါ တိုင်းရင်းသားများ ပြန်လည်ပေါင်းစည်းတွေ့ဆုံချစ်ကြည် ရင်းနှီးမှုရှိစေရန်၊ အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်၊ သွေးစည်းညီ ညွတ်မှုကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် အထွတ်အမြတ်ထား ကျင်းပလျက်ရှိကြောင်း သိရသည်။
မိုင်းခတ် (ပြန်/ဆက်)

No comments:

Post a Comment