Sunday, January 6, 2019

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဟောင်ကောင်-မကာအို-မြန်မာ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံ
Image may contain: 4 people, indoor
နေပြည်တော် ဇန်နဝါရီ ၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနသည် ဟိုတယ်နှင့်ခရီးသွားလာ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်သည် ဟောင် ကောင်-မကာအို-မြန်မာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Dr.Lin Khin Wanနှင့်အဖွဲ့ကို နေပြည် တော်ရှိ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနတွင် လက်ခံ တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် Digital Marketingကို ဈေးကွက်အလိုက် အစိုးရနှင့်ပုဂ္ဂလိကပိုင်းတို့ အစုအဖွဲ့များစုဖွဲ့ ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီး ဌာနအတွင်း ရုံးလုပ်ငန်းဆိုင်ရာကိစ္စ ရပ်များတွင် Manual စနစ်လျှော့ချ ရေး၊ စာရင်းအင်းအချက်အလက် များကို စနစ်တကျ ထိန်းသိမ်းထားရှိ နိုင်ရေး၊ လွယ်ကူလျင်မြန်စွာဖြင့် မျှဝေ အသုံးပြုနိုင်ရေး၊ Digital အသုံးပြုမှု လျှော့ချနိုင်ရေးတို့အတွက် သင့်လျော် သော Digital နည်းပညာများဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ICT ကျွမ်းကျင် ဝန်ထမ်းများ ပိုမိုတိုးတက် လာစေရေးအတွက် လိုအပ်သော သင်တန်းများ ပို့ချရေး၊ Tourism web portal ထူထောင်ရေးတို့ ဆောင်ရွက်ရာတွင် လိုအပ်သော အကြံပြုချက်၊ နည်းပညာပံ့ပိုးမှုများ ပေးနိုင်ပါရန်နှင့် ထို့ အပြင် ဟောင်ကောင်မှ ခရီးသွားအေဂျင်စီများကို မြန်မာနိုင်ငံသို့ လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင် ရွက်နိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေရေး ဝိုင်းဝန်းဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က Digital Marketingနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဟောင်ကောင်-မကာအို-မြန်မာ ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ Dr.Lin Khin Wan နှင့် GTMH telecomမှ Chief Operation Officer Mr. Derek Hellmons တို့က ခရီးသွားလုပ်ငန်း အတွက် Digital နည်းပညာဖြင့် ခရီးသွားလာရေးကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးပွဲကို ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးဗရတ်ဆင်း၊ ဒုတိယ အမြဲ တမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး Digital နည်းပညာကိုအသုံးပြု၍ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ဟောင်ကောင်၊ မကာအို ဒေသများမှ ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်ရေးအတွက် ခရီးသွားမြှင့်တင် ရေးလုပ် ငန်းများတိုးမြှင့်ဆောင်ရွက် ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment