Thursday, January 3, 2019

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၆)နှင့် အမျိုးသမီး သူနာပြု သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပ
Image may contain: one or more people and outdoor
နေပြည်တော် ဇန်နဝါရီ ၂
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံ ဘွဲ့ သင်တန်းအမှတ်စဉ် (၁၆) နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၃)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြား သည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းတပ်ခွဲ များကို စစ်ဆေးသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား သင်တန်း တပ်ခွဲ များက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက်အလေးပြုကြသည်။ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၆)မှ အကောင်းဆုံး သင်တန်းသား ဆုရရှိသူ သင်တန်းသား ပြည့်ဖြိုး အောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသား အောင်ဟိန်း ထက်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသား ဖြိုးဟန်ကျော်တို့အား ဆုများပေးအပ် ချီးမြှင့်သည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တပ်မတော်အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၃)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူ စုသက်ပိုင်၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသူ ဆုလဲ့နိုင်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ ရည်ဝေဦးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် ဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်များသည် တပ်မတော်၏မွန်မြတ်သော အစဉ်အလာ ၁၂ ရပ်ကို ဦးထိပ်ပန်ဆင်ပြီး "တပ်မ တော်သားများနှင့် မိသားစုဝင်များအား နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ အဆင့်အတန်းမရွေး ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်"ဆိုသည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်း ချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ အင်အားစုတစ်ခုဖြစ်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်သည်လည်း တပ်မ တော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအား ပြုစုကုသရေး၊ ရောဂါရှာဖွေရေး၊ ရောဂါတားဆီး ကာကွယ်ရေး၊ ရောဂါနှိမ်နင်းရေး၊ ကျန်းမာရေးမြှင့်တင်ရေး၊ ပြန်လည်သန်စွမ်းရေးနှင့် ဆေးဝါး ထုတ်လုပ်ရေး စသည့်ကျန်းမာရေးစောင့်ရှောက်မှုများပေးမည့် "ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်" များ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း။
လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် သူနာပြု ပါရဂူ ၁၃ ဦး၊ သူနာပြု မဟာသိပ္ပံဘွဲ့ ၃၆၂ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ ၃၉ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာ မဟာသိပ္ပံဘွဲ့ ၁၀၆ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၁၈၈ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၃၀၄၅ ဦး၊ ဆေးဝါး ကျွမ်းကျင်မှု သိပ္ပံဘွဲ့ ၂၀၄ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ ၅၇၃ ဦးနှင့် သူနာပြု သိပ္ပံဘွဲ့(ပေါင်းကူး) ၉၈ ဦးတို့အား လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ လုပ်ငန်းတာဝန်နယ်ပယ်မှာ သူနာပြုနှင့် ဆေးဘက်ပညာ သည်များ၏ စွမ်းဆောင်ရည်သည်လည်း ကျယ်ပြန့်လာပြီဖြစ်ကြောင်း၊ ယခင်က ဆေးရုံ၊ ဆေးတပ်ဖွဲ့များတွင်သာ တာဝန်ထမ်းဆောင်ကြရသည့် သူနာပြုတပ်ဖွဲ့ ဝင်များသည် ယခုအခါစစ်မြေပြင်လက်တွေ့ဆေးအကာအကွယ်ပေးရေး လုပ်ငန်း တာဝန်များကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်း သားပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင် ပေးခြင်းလုပ်ငန်းဖြစ်သည့် နယ်လှည့် ဆေးကု သရေးအဖွဲ့များတွင်လည်း သူနာပြု တပ်ဖွဲ့ဝင်များသည် ကျရာအခန်းကဏ္ဍမှနေပြီး တက်ကြွ ကျွမ်းကျင်စွာ ပါဝင် ထမ်းဆောင်နေကြကြောင်း။
တပ်မတော်သည် ပြည်သူထဲမှပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်း စုံဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးလုပ်သည့် နေရာ တွင် ပြည်သူများ၏ နေ့စဉ်လူမှုဘ၀ လုံခြုံရေးကိုပါ ဘက်ပေါင်းစုံမှ လုပ်ဆောင်ပေး လျက်ရှိကြောင်း၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်ရေးအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မ တော်နယ်လှည့် ဆေးကုသရေးအဖွဲ့များဖြင့် တစ်နိုင်ငံလုံးအနှံ့လူမျိုးဘာသာမခွဲခြားဘဲ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက် ရှိကြောင်း။
ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်
တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက နိုင်ငံတစ်ဝန်းတိုင်းရင်း သားဒေသများအပါအဝင် နယ်စပ်ဒေသအစွန်အဖျားမကျန် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ဆောင်နေခြင်းသည် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်ထဲမှ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ကို တာဝန်သိသိ၊ စေတနာရှိရှိ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တပ်မတော်သား ဆေးတပ်ဖွဲ့ဝင်များက မိမိတို့ တတ်မြောက်ထားသည့် ဆေးပညာရပ်များဖြင့် ပြည်သူများ၏ အသက် ခန္ဓာများကို အခမဲ့ ဆေးဝါး ကုသပေးပြီး ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်သဖြင့် ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ပေးရန်ဆိုသည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်တစ်ရပ်ကို အောင်မြင်စွာထမ်းဆောင်နေခြင်း ဖြစ်ကြောင်း။
တပ်မတော်က ပြည်သူ့အပေါ်ထားရှိသည့် စေတနာမေတ္တာကြောင့် တပ်မတော်နှင့်ပြည်သူ ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်လာမည် ဖြစ်သကဲ့သို့ ပြည်သူများက တပ်မတော်အပေါ် ယုံကြည်အားကိုးမှု ပိုမိုတိုးပွားလာမည် ဖြစ်ကြောင်း၊ ထို့အပြင် နယ်လှည့်ဆေးကုသရေးအဖွဲ့များက နိုင်ငံတစ်ဝန်း ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခြင်းသည် ဒေသခံပြည်သူ လူထုကို တိုက်ရိုက်အကျိုးရှိပြီး နိုင်ငံတော်၏တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျရာတာဝန်အသီးသီးတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးလုပ်ငန်း များ ကို အားတက်သရော စွမ်းစွမ်းတမံဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ပြန်လည်ထွက်ခွာ
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ဆေးတက္ကသိုလ် ပင်မဆောင်ရှိ ဧည့်ခန်းမဆောင်၌ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၆)မှ ထူးချွန်ဆုရရှိခဲ့ကြ သည့် သင်တန်းသားများနှင့် ၎င်းတို့၏မိဘများ၊ အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့သင် တန်း အမှတ်စဉ်(၃)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသူများနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ညနေပိုင်းတွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၆)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကိုရန်ကုန်မြို့ တပ်တော်ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ကျင်းပရာ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များ၊ သင်တန်းဆင်းသူနာပြုများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment