Thursday, January 3, 2019

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ
Image may contain: 8 people, people standing, suit and outdoor
ရန်ကုန် ဇန်နဝါရီ ၂
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ကျင်းပခဲ့သည့် နှစ်သစ်ကူးအကြိုည တရားဒေသနာတော်များ ရွတ်ဖတ်ဆုတောင်းပွဲနှင့် ဝိပဿနာ ရှုမှတ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
အဆိုပါအဖွဲ့အား သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည် ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက်ကြိုဆို ကြသည်။
သတင်းစဉ်

No comments:

Post a Comment