Thursday, January 3, 2019


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
Image may contain: 3 people, people sitting
နေပြည်တော် ဇန်နဝါရီ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ယူနီဆက် (UNICEF ) မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. June Kunugi တို့သည် ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၏ မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာ စီမံ ချက်ပါ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည့်ပြည့်၀၀ အကောင်အထည် ဖော်နိုင်ရေး အတွက် ယူနီဆက်နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဂျပန် နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် UNICEF ၊ World Food Programme (WFP) ၊ International Organization for Migration (IOM) ၊ UNFPA တို့မှ ဆောင်ရွက် မည့်စီမံချက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ Social Assistance နှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာများ၊ ရန်ကုန်မြို့တွင် Social Work Institute တည်ထောင် ဖွင့်လှစ်နိုင်ရန် နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မိခင်ဝိုင်း များကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ပူး ပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment