Saturday, January 19, 2019

နိုင်ငံတော်ငွေပေးချေမှုကြီးကြပ်မှုကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ ငွေပေးချေမှုစနစ်များ လုံခြုံရေးနှင့် ပြည်သူလူထု၏ယုံကြည်မှုရရှိရေး စီစဉ်ဆောင်ရွက်
Image may contain: 4 people, people sitting and table
နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံ၏ ငွေပေးချေမှုလုပ်ငန်း များကို မဟာဗျူဟာအဆင့်တွင် ကြီးကြပ်ရန်အတွက် "နိုင်ငံတော်ငွေ ပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီ (National Payment System Governing Committee)" ၏ ပထမအကြိမ် အစည်းအဝေးကို စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က မြန်မာနိုင်ငံငွေပေးချေမှုစနစ် အကောင်အထည် ပေါ်လာရေးနှင့် အများပြည်သူ၏ နေ့စဉ်ငွေပေးချေမှု များတွင် ထိထိရောက်ရောက် လက်တွေ့ အသုံးချသည့် ငွေပေးချေမှုစနစ် ဖြစ်ရေးအတွက် နိုင်ငံတော်အဆင့်မှ ကြီးကြပ် ဖော်ဆောင်ရေး၊ ငွေပေးချေမှု
စနစ်များအား ပြည်သူများအတွက် ဝန်ဆောင်မှု စရိတ်သက်သာစွာ အသုံးပြု နိုင်ရေး လိုအပ်သောအစီအမံများ ပြုလုပ်သွားနိုင်ရေး၊ ငွေပေးချေမှုစနစ်များ လုံခြုံရေးနှင့် ပြည်သူလူထု၏ယုံကြည်မှုရရှိရေး စီစဉ်ဆောင်ရွက်သွား နိုင်ရေး နှင့်တရားမဝင်ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းများကို မိမိနိုင်ငံ၏ ငွေပေး ချေမှုစနစ်အောက်တွင် ပါဝင်လာစေရေး ဆောင်ရွက်ရန် ပြောကြားသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်၊ မြန်မာ နိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် နိုင်ငံတော်ငွေပေးချေမှုကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment