Saturday, January 19, 2019

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကျင်းပ

Image may contain: 8 people


နေပြည်တော်    ဇန်နဝါရီ     ၁၈
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ထွန်းထွန်းညီက ဗဗ သောင်းကျန်းသူအဖွဲ့အား   စစ်ဆင်ရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊   တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။                                                                                                               သတင်းစဉ်

No comments:

Post a Comment