Friday, January 25, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ
Image may contain: 3 people, people standing and suit
ရန်ကုန် ဇန်နဝါရီ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဇန်နဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲသို့ တက်ရောက် ရန်နှင့် ဖိလစ်ပိုင်သတင်းဌာန၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ နံနက် ၇ နာရီ မိနစ် ၅၀ က ရန်ကုန် မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့်အဖွဲ့အား ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
သတင်းစဉ်

No comments:

Post a Comment