Friday, January 25, 2019

ပီရူးသမ္မတဟောင်း ဖူဂျီမိုရီအား လက်ကျန်ပြစ်ဒဏ်များ ကျခံစေရန် အကျဉ်းထောင်သို့ ပြန်ပို့
Image may contain: 1 person, sitting and indoor
လီမာ ဇန်နဝါရီ ၂၄
လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုများကျူးလွန်ခဲ့သည် ဟူသော စွဲချက်များဖြင့် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည့် ပီရူးသမ္မတဟောင်း အယ်လ်ဘတ်တိုဖူဂျီမိုရီအား ၎င်း၏ လက် ကျန်ပြစ်ဒဏ်များ ကျခံစေရန်အတွက် အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အင်န် အိတ်ခ်ျကေ သတင်းတွင် ဖော်ပြသည်။
၎င်းအား ၂၀၁၇ ခုနှစ်အတွင်းက ပေးအပ်ခဲ့သည့် ကျန်းမာရေးဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အား ပီရူးနိုင်ငံမှ အဆင့်မြင့်ဆုံးတရားရုံးတစ်ရုံးက ပယ်ဖျက်ခဲ့ပြီးနောက် ယင်းသို့ လက်ကျန်ပြစ် ဒဏ်များ ကျခံစေရန် အကျဉ်း ထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
အသက် ၈၀ ရှိပြီဖြစ်သည့် ပီရူးသမ္မတဟောင်းအား ပီရူးအာဏာပိုင်များက ဇန်နဝါရီ ၂၃ ရက်တွင် အကျဉ်း ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက သမ္မတဟောင်း ဖူဂျီမိုရီအား လူသားချင်းစာနာ ထောက် ထားခြင်းဆိုင်ရာ အကြောင်းပြချက်များဖြင့် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်း အချိန် တွင် ၎င်းသည် အကျဉ်းထောင် တွင်း၌ ၁၀ နှစ်ကြာနေထိုင်ခဲ့ပြီးဖြစ်သည်။ သမ္မတဟောင်း ဖူဂျီမိုရီအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းကို ပီရူး တရားရုံးချုပ်က လွန်ခဲ့သည့် အောက်တိုဘာလအတွင်းက ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
ဖူဂျီမိုရီသည် ဂျပန်လူမျိုး ပီရူးနိုင်ငံသားဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် ပီရူးသမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူဖြစ်သည်။ ၎င်း၏တင်းကျပ်သော အုပ်ချုပ်ရေးဟန်ပန်ကြောင့် လူထုကြားထဲတွင် ဝေဖန် မှုများ အမြင့်တက်ဆုံးအချိန်ဖြစ်သည့် ၂၀၀၀ ပြည့်နှစ် အတွင်း ၎င်းအား သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။
အရပ်သားများအား သတ်ဖြတ်ရန် လုံခြုံရေးတပ်ဖွဲ့ များအား အမိန့်ပေးခဲ့မှုဖြင့် ၎င်းအား ၂၀၁၀ ပြည့် နှစ်တွင် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
သမ္မတဟောင်း ဖူဂျီမိုရီ၏ သမီးဖြစ်သူ အတိုက်အခံ ခေါင်းဆောင် ကီကိုဖူဂျီမိုရီအား ငွေကြေး ခဝါချမှု တစ်ခုတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ယမန်နှစ် အောက်တိုဘာလက ဖမ်းဆီးခဲ့ကြောင်း သိရ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment