Friday, January 25, 2019

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လွှတ်တော်ဆိုင်ရာ သံတမန်ပညာရပ်နှင့် နိုင်ငံတ ကာဆက်ဆံရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
Image may contain: one or more people and crowd
နေပြည်တော် ဇန်နဝါရီ ၂၄
လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် လွှတ်တော်ဆိုင်ရာ သံတမန် ပညာရပ်နှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင် ရေးသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဆောင် Learning Center ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများကို လွှတ်တော်ဆိုင်ရာ ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးများ၊ ပြည်တွင်း၊ ပြည်ပ ရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ထိတွေ့ဆက်ဆံရာ၌ လိုအပ်သည့် စွမ်းရည် များ၊ ကျွမ်းကျင်မှုများရရှိရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ရပ်တည်ချက် မူဝါဒများနှင့် သံတမန်ဆက်ဆံ ရေးလုပ်ထုံး လုပ်နည်းများကို ကောင်းစွာသိရှိသည့် လွှတ်တော်ကိုယ်စားလှယ် များနှင့် ၎င်းတို့၏လုပ်ငန်းများကို ထောက်ပံ့ကူညီနိုင်မည့် အရည်အသွေးရှိသော လွှတ်တော် ရုံးဝန်ထမ်း များဖြစ်ရန် ရည်ရွယ်ပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် လွှတ်တော်အတွင်းရှိ နိုင်ငံ တကာ အစည်းအဝေးအတွေ့အကြုံများရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ ကော်မတီ၊ ကော်မရှင်များမှ ပညာရှင် များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပညာရှင်များ၊ မိတ်ဖက် အဖွဲ့ အစည်းများမှ နိုင်ငံတကာရေးရာ ကျွမ်းကျင်ပညာရှင် များက နိုင်ငံတကာ ဆက်ဆံရေးသမိုင်း၊ နှစ်နိုင်ငံဆက်ဆံ ရေးအခြေခံအချက်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာ နိုင်ငံရေးဆက်စပ်ဖြစ်ပေါ်မှုများ၊ AIPA, IPU စသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် အချက်များ၊ အာဆီယံဆိုင်ရာ သိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းများနှင့် ပဋိညာဉ်ဘာသာရပ်တို့ကို ကဏ္ဍအလိုက် ပို့ချသွားမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စား လှယ်များနှင့် လွှတ်တော်ရုံးများမှ အရာထမ်း၊ အမှုထမ်း၊ သင်တန်းသား သင်တန်းသူ ၆၆ ဦး တက် ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment