Tuesday, January 1, 2019

နှစ်သစ်ကူးရုံးပိတ်ရက်တွင် ပုဂံနေဝင်ဆည်းဆာကြည့် တောင်ကုန်းများ၌ ကြည့်ရှုသူများပြား

Image may contain: 2 people, crowd and outdoor
ပုဂံ ဒီဇင်ဘာ ၃၁

နှစ်သစ်ကူးရုံးပိတ်ရက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများနှင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင်ဘုရား ပုထိုးများ၊ သမိုင်းဝင်သာသနိက အဆောက် အအုံများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများ များပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်း ဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်း(တု)များပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုသူများ တိုးမပေါက် အောင် များပြားနေသည်။

ပုဂံ-ညောင်ဦးဒေသသို့ လာရောက် လည်ပတ်သူများအနေဖြင့် ချမ်းအေးသည့် ဆောင်းရာသီကို ခံစားရင်း စေတီပုထိုး များကြား မြင်းလှည်းငှားစီးသည့် ဘုရားဖူး ဧည့်သည်များ၊ စက်ဘီးဖြင့်သွားသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ၊ ကားကြီး၊ ကားလေး၊ E-Bike ဘက်ထရီဘီးစီးပြီး ရှေးဟောင်းစေတီ ပုထိုး၊ သာသနိက အဆောက်အုံများ လေ့လာ ကြသည့် ပြည်ပဧည့်သည်များ၊ ပြည်တွင်း ဘုရားဖူးများ အထူးစည်ကားနေကြောင်း သိရသည်။

ယခင်ကဆိုလျှင် ပြည်တွင်းဘုရားဖူးများ သမိုင်းဝင်အထင်ကရ ဘုရားများဖြစ်သည့် စွယ်တော်လေးဆူ၊ မဟာငှက်ပစ်တောင်၊ အလိုတော်ပြည့်၊ ထီးလိုမင်းလို၊ အာနန္ဒာ ဘုရား၊ ဗူးဘုရား၊ စူဠာမဏိ၊ သဗ္ဗညု၊ ဓမ္မရံကြီး ဘုရားများလောက်သာ လူစည်ကားရာမှ ယခုအခါ နာမည်မကြီးသည့် စေတီပုထိုးများ၊ ကဗ္ပည်းရေး ထိုးမထားသည့် အုတ်ပုံများ၊ ချုံနွယ်ကြားမှဘုရားများပါ စိတ်ဝင်စားလာကြသည် မှာပုဂံရှေးဟောင်းယဉ်ကျေး မှုဇုန်ကို တန်ဖိုးထားလာသည်ဟု မြင်မိကြောင်း ရန်ကုန်မြို့မှ နှစ်သစ်ကူးရုံး ပိတ်ရက်ဘုရားဖူး လာရောက်သည့် မနွယ်နွယ်က ပြောပြ သည်။

ပုဂံတွင် နေဝင်ဆည်းဆာ ကြည့်ရှုရန် အတွက် မြေသားကုန်းမြင့်များ ပြုလုပ်ပေးထားပြီးစူဠာမဏိ ဘုရား မြောက် ဘက်တွင် ညွှန်လက်တစ်ဖက်ကုန်းမြင့်၊ စူဠာမဏိဘုရားတောင်ဘက်ရေကန်ထိပ်တွင်ကိုမောက်ကြီး ကုန်းမြင့်နှင့် မင်းနန်သူကျေးရွာ ရေကန်ထိပ်တွင် နေဝင်ဆည်းဆာကြည့်ရန် ကုန်းမြင့်(တု)များ ပြုလုပ်ပေးထား ကြောင်း သိရပြီး နှစ်သစ်ကူးရုံးပိတ်ရက်တွင် ထိုကုန်းမြင့်များမှ နေဝင်ဆည်းဆာကြည့်ရှု သူများဖြင့် အထူးစည်ကား နေကြောင်း ဘုရားဖူးဧည့်သည်များက ပြောပြသည်။
ကိုထိန်(ငါ့သရောက်)

No comments:

Post a Comment