Tuesday, January 1, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုရီးယားသမ္မတနိုင်ငံ ပူးတွဲစစ်ဦးစီး အရာရှိ ချုပ်များ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting and outdoor
နေပြည်တော် ဒီဇင်ဘာ ၃၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကိုရီးယားသမ္မတနိုင်ငံ ပူးတွဲ စစ်ဦးစီး အရာရှိချုပ်များ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး Choi Yoon-hee အား ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ဆောင်ရွက် နိုင်ခဲ့သည့်အခြေအနေ၊ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် သန်လျင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ် တစ်ဆောင်အား ကိုရီးယားနိုင်ငံမှ ကူညီဆောက် လုပ် ပေးခဲ့မှုနှင့် အခြားဒေသများတွင်လည်း ထပ်မံဆောက်လုပ် ပေးသွားမည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ် များတွင် ကိုရီးယားနိုင်ငံမှ ကူညီဆောင်ရွက် ပေးနေသည့် အခြေအနေ၊ ကိုရီးယားကျွန်းဆွယ် ထာဝရတည်ငြိမ် အေးချမ်းရေးနှင့် နျူကလီးယားကင်းမဲ့ဇုန် ဖြစ်စေရေး အတွက် မြန်မာနိုင်ငံမှ ရပ်တည်ထောက်ခံပေးသည့် အခြေ အနေ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ခိုင်မာစေရေးအတွက် အဆင့်အလိုက် ချစ်ကြည် ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment