Saturday, January 19, 2019

မျိုးဆက်သစ်လူငယ်အင်ဂျင်နီယာကော်မတီမှ ကြီးမှူးကျင်းပသော Process & Product Show 2019 ဖွင့်ပွဲအခမ်းအနား ကျင်းပ
Image may contain: 13 people
ရန်ကုန် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း မျိုးဆက်သစ်လူငယ် အင်ဂျင်နီယာကော်မတီက ကြီးမှူးကျင်းပသော Process & Product Show 2019 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးတွင် ကျင်းပသည်။
ဖွင့်လှစ်ပေး
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနာယက ဦးဉာဏ်ထွန်းဦး၊ ဥက္ကဋ္ဌ ဦးအောင်မြင့်၊ Past President ဒေါက်တာ စိန်မြင့်နှင့် ပြပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလင်းတို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများသည် ပြပွဲအတွင်း ပြခန်းများ ခင်းကျင်းပြသထားမှုကို လှည့်လည် ကြည့်ရှုကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံကို ကြိုဆိုသော အားဖြင့် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရုံး Fuction Hall တွင် ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က အဖွင့်အမှာ စကားပြောကြား သည်။
စာတမ်းများဖတ်ကြား
ယင်းနောက် လုပ်ငန်းခွင်အသီးသီးတွင် ဝင်ရောက်နေ သည့် အင်ဂျင်နီယာပညာရှင်များ၊ ပြင်ပပညာရှင်များနှင့် မျိုးဆက်သစ်အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူများက အင်ဂျင်နီယာဘာသာရပ်နှင့် သက်ဆိုင်သည့် စာတမ်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် စာတမ်း၊ ရေအရင်းအမြစ်နှင့် သက်ဆိုင် သည့်စာတမ်း၊ စွမ်းအင်နှင့်သက်ဆိုင်သည့် စာတမ်းများကို ဖတ်ကြားကြသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ကြီးကြပ်ပြီး မျိုးဆက်သစ်လူငယ်အင်ဂျင်နီယာကော်မတီက ကြီးမှူး ကျင်းပ သော Process & Product Show 2019 ပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်တိုင် ကျင်းပ သွားမည်ဖြစ်ပြီး ဒုတိယနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း နှစ်ပတ် လည်အသင်းသားစုံညီ ညီလာခံကို ကျင်းပသွားမည်ဖြစ်ကာ တတိယနေ့တွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment