Saturday, January 19, 2019

 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 1 person
နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ် ကြီး H.E. Mr. Lee Sang-hwa နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင် ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပူးပေါင်းဆောင်ရွက်
တွေ့ဆုံစဉ် ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံ၏ ဆက်ဆံမှုများ ပိုမိုကောင်းမွန်ရေးနှင့် စီးပွားရေးလုပ်ငန်း၊ ဘဏ် လုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံ၌ ကိုရီးယားစီးပွားရေး ရင်းနှီးမြှုပ် နှံသူများက ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုရရှိရေးကိစ္စတို့နှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment