ရခိုင်ပြည်နယ်တွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံ Mr. Narong Boonsatheanwong က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီး ဌာန မေခလာခန်းမ၌ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံအတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီထောက်ပံ့ နေသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တွင် Learning Centre နှစ်ခု ဖွင့်လှစ်ရေးနှင့် အစိုးရဝန်ထမ်းများအား ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်နှင့် လုပ်ငန်းခွင်ဆိုင်ရာပညာ ဆက်လက်သင်ကြားရန်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များ အကောင်အထည်ဖော်ရေးကိစ္စရပ် များ၊ UEHRD ၏ Private Public Partnership ပုံစံဖြင့် ဆောင်ရွက်ချက်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် Cash for work အစီ အစဉ် ဆောင်ရွက်ထားရှိမှု၊ ထိုင်းနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည် ဖြစ်ရာ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် ပိုမိုသိရှိနားလည်ရန်နှင့် မြန်မာနိုင်ငံနှင့် မိတ်ဆွေနိုင်ငံအဖြစ် နီးကပ် စွာပူးပေါင်းဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အတွက် လူသားချင်းစာနာကူညီမှု ဆိုင်ရာ အာဆီ ယံညှိနှိုင်းရေးမှူးရုံး (AHA Centre)နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေး အတွက် ဆောင်ရွက်နေသည့် အစီအစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment