Monday, January 28, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လန်ဒန်မြို့ The Education World Forum သို့ တက်ရောက်

Image may contain: 1 person, indoor


နေပြည်တော်   ဇန်န၀ါရီ   ၂၇
ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အင်္ဂလန် နိုင်ငံ လန်ဒန်မြို့၌ ကျင်းပမည့်The Education World Forum တက်ရောက်ရန် ဇန်န၀ါရီ ၁၉ ရက်တွင် ရန်ကုန်မြို့မှ လန်ဒန်မြို့သို့ရောက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင်  လန်ဒန်မြို့ရှိ မြန်မာသံရုံးတွင် အင်္ဂလန်နိုင်ငံ၌ ပညာသင်ယူနေကြသည့်   ၀န်ထမ်း ပညာသင်များ၊ ပြင်ပမှ လူငယ်ပညာသင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏  ပညာရေး ပြုပြင်ပြောင်းလဲမှုများ၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များ၏ အခန်းကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးပြီး ပညာသင်များ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး ဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၁  ရက် နံနက်ပိုင်းတွင် The Old Westminister Library ၏ The Cinnamon Club ü၌ကျင်းပသည့် အင်္ဂလန် နိုင်ငံ ပညာရေးဝန်ကြီးဌာနမှ Parliamentary Under Secretary of State  for Children and Family, Nadhim Zahawi MPမှ တည်ခင်းဧည့်ခံသော ASEAN Minister Breakfastကို တက်ရောက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Queen Elizabeth II Center ၌ ကျင်းပသောThe Education World Forum  သို့ တက်ရောက်ပြီး ညပိုင်းတွင် Secretary of State for International Development မှ The Rt Hon Penny Mordauant Mp က Lancaster House  တွင် တည်ခင်းဧည့်ခံသောEWF Official Reception သို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် ဖိုရမ်တက်ရောက်နေစဉ် Cambridge Assessment English rS Mac Graw Hill Education အပါအ၀င်  တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သည်။
မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ရှင်းလင်း
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၂ ရက် မွန်းလွဲပိုင်းတွင် The Education World Forum ၌  Ministerial Exchange B: Extending Teaching and Learning Opportunity ခေါင်းစဉ်ဖြင့်   ဦးဆောင်ဆွေးနွေးပြီး မြန်မာနိုင်ငံ တွင် ဆောင်ရွက်နေသည့် ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို   ရှင်းလင်း ပြောကြား၍  ညပိုင်းတွင် Royal Oversea League ၌ Irrawaddy   Policy Exchangeက တည်ခင်းဧည့်ခံသော ညစာစားပွဲ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၃ ရက်တွင် Reay Primary School နှင့်The Open University  Futurelearn   တို့ကို   သွားရောက်လေ့လာပြီး The Open University ၌ ရန်ကုန်တက်္ကသိုလ် Master Plan  နှင့် စပ်လျဉ်း၍ ဆွေးနွေး ပွဲသို့ တက်ရောက်သည်။
ယင်းနောက် လန်ဒန်မြို့Spring Gardens  ရှိ British  Council   ရုံးတွင် ကျင်းပသော  Continuous Professional Development for Teachersခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ ယူဂန်္ဓာနှင့်   နိုင်ဂျီးရီးယားနိုင်ငံတို့မှ  ကိုယ်စားလှယ်အဖွဲ့ များနှင့်အတူ တက်ရောက်ဆွေးနွေးပြီး ညပိုင်းတွင် မြန်မာသံအမတ်ကြီးက တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့    တက်ရောက်သည်။
တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၄ ရက်တွင် လန်ဒန်မြို့မှ    ပြန်လည် ထွက်ခွာခဲ့ရာ   ရန်ကုန်မြို့သို့   ဇန်န၀ါရီ ၂၅ ရက် နံနက်ပိုင်းတွင်   ပြန်လည်ရောက်ရှိသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်တွင် The Education World Forumသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲ မှုလုပ်ငန်းများကို အတူပူးပေါင်းဆောင်ရွက်နေသည့် British Council, DFID, The  Open University,   The  University College London Institute  of Education, The Cambridge Assessment English,  Mac Graw Hill Education နှင့် Irrawaddy Policy Exchange  စသော    အဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး   မူလတန်းကျောင်းနှင့်  တက်္ကသိုလ် များတို့ သွားရောက်လေ့လာခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။           
သတင်းစဉ်

No comments:

Post a Comment