Monday, January 28, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဒါဗို့စ် ကမ္ဘာ့ စီးပွားရေးဖိုရမ်၌ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဆွေးနွေးပြောကြား


Image may contain: 8 people, people sitting and indoor


နေပြည်တော် ဇန်န၀ါရီ ၂၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဆွစ်ဇာလန်နိုင်ငံဩဒါဗို့စ်မြို့၌ ဇန်န၀ါရီ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် က်္ဘာ့စီးပွားရေး ဖိုရမ်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး စတုတ်္ထ စက်မှုတော်လှန်ရေးGlobalization 4.0သို့ ပြောင်းလဲနေချိန်၌ မြန်မာနိုင်ငံမှ ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို က်္ဘာ့နိုင်ငံအသီးသီးမှ တက်ရောက်လာကြသည့် အစိုးရအကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှပုဂ်္ဂိုလ်များ၊ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများအား တွေ့ဆုံအသိပေးပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ နိုင်ငံတကာလုပ်နည်းလုပ်ဟန်များ၊ best practices များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၂ ရက်တွင် ကျင်းပခဲ့သည့် က်္ဘာ့ စီးပွားရေး ဖိုရမ်နှစ်ပတ်လည်အစည်း အဝေးဖွင့်ပွဲအခမ်းအနားနှင့် ၂၃ ရက် တွင် ကျင်းပခဲ့သည့် က်္ဘာ့စီးပွားရေး ခေါင်းဆောင်ကြီးများ၏ အလွတ်သဘော တွေ့ဆုံသည့် အခမ်းအနားများသို့ ပါဝင် တက်ရောက်ခဲ့သည်။
က်္ဘာ့စီးပွားရေးဖိုရမ်ကျင်းပသည့် ကာလအတွင်းUNCTADမှ ကမ္ဘာ နှင့်အ၀န်း ရင်းနှီးမြှုပ်နှံမှုများ နှေးကွေး နေခြင်းအပေါ် အဖြေရှာနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် High Level Roundtable on Global In-vestment Trends တွင် ဦးဆောင် ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ဆွေးနွေး ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံတွင် ပြည်တွင်း၊ ပြည်ပမှ တာဝန်သိ ၍ အရည်အသွေးနှင့် ရေရှည်တည်တံ့မှုရှိ သည့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရေး အတွက် ဆောင်ရွက်နေမှုများ၊ ရင်းနှီး မြှုပ်နှံမှု အဆင်ပြေ ချောမွေ့စေရေး အတွက် ဥပဒေပိုင်း၊ အဖွဲ့အစည်းနှင့် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲနေမှုများ၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများ၊ ရှေ့ဆက်ဆောင်ရွက် မည့် အစီအစဉ်များနှင့် နိုင်ငံတကာနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မည့် ကိစ်္စရပ် များကိုဆွေးနွေးခဲ့ပြီး တက်ရောက် လာသည့် အခြားနိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုဝန်ကြီးများနှင့် တွေ့ဆုံ၍ ကောင်းမွန်သည့် အတွေ့အကြုံများ ဖလှယ်ရေး၊ ဆက်လက်ပူးပေါင်းဆောင် ရွက်ရေးကိစ်္စရပ်များကို ရင်းနှီးစွာဆွေးနွေး ခဲ့သည်။
ထို့ပြင်Briding the Asian Demographic Divide ၊ Shaping ASEAN’s agenda in the Global Context ၊ Smarter, Better, Faster Trade စသည့်ခေါင်းစဉ်များဖြင့် ကျင်းပသည့် ဆွေးနွေးပွဲများတွင် လည်း အာဆီယံဒေသတွင်းနှင့် က်္ဘာ့နိုင်ငံ အသီးသီး၌ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ စေရေးအတွက် ဆောင်ရွက်နေသည့် ကောင်းမွန်သောလုပ်ထုံးလုပ်နည်းများ အပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ သည့်အပြင် မြန်မာနိုင်ငံတွင် စိန်ခေါ်မှု အချို့ရှိနေသေးသော်လည်း နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးများ လာရောက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်း များမြောက်မြားစွာ ရှိနေခြင်း၊အစိုးရ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ကောင်း ဖန်တီးနေခြင်း၊ ကုန်စည်စီးဆင်း မှု သွက်လက်မြန်ဆန်စေရန် ကြိုးပမ်း ဆောင်ရွက်နေခြင်းတို့ကို အသိပေး ပြောကြားခဲ့သည်။
အပြန်အလှန်ဆွေးနွေး
ထို့နောက် က်္ဘာ့စီးပွားရေးဖိုရမ်၌ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရန် ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးမှ အထူးဧည့်သည် တော်အဖြစ် တက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေ သည့် စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် က်္ဘာ့စီးပွားရေးဖိုရမ်မှ တာဝန်ရှိသူ များအားတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း၊ သိရှိလို သည်များကို အပြန်အလှန်ဆွေးနွေး ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် က်္ဘာ့ စီးပွားရေးဖိုရမ်၏ sideline eventတစ်ခုအဖြစ် ကျင်းပပြုလုပ်ခဲ့သော က်္ဘာ့ ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံအချို့ မှE-Commerce သဘောတူညီချက် ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်ရန် ကတိက၀တ်ပြုထားသည့် ဒုတိယအကြိမ်Joint Statement on E-Commerceထုတ်ပြန်သည့် ၀န်ကြီး အဆင့် အလွတ်သဘောအစည်းအဝေး သို့ ပါဝင်တက်ရောက်ခဲ့ပြီး ယင်းထုတ်ပြန် ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို မိန့်ခွန်းတစ်ရပ် ပါဝင် ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများ ရှိနေလင့်ကစား Joint Statement on E-Commerce ကို အခြား အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပါဝင် ထောက်ခံခဲ့ကြောင်း၊digital eco-nomy ရေစီးကြောင်းတွင် အောင်မြင် စွာ ပြောင်းလဲလိုက်ပါနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေး ကွန်ရက်များ၊ online ၀န်ဆောင်မှုများ ပိုမိုတိုးတက်ချဲ့ထွင်နိုင်ရေး၊ အစိုးရ၀န် ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန် ရေးကို ဆက်လက်အလေးပေးဆောင် ရွက်မည်ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်သည့် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးခြင်းဖြင့်structural reforms များကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်
အစည်းအဝေးကာလအတွင်း WEF မှ အကြီးအကဲများ၊ ICRC ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အပြင် Prudential ကုမ်္ပဏီဥက္ကဋ္ဌ၊ JICA ဥက္ကဋ္ဌ၊ Sumitomo Corporationဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်၊Ooredoo ကုမ္ပဏီဥက္ကဋ္ဌ၊GE Gas Power ကုမ္ပဏီဥက္ကဋ္ဌ၊Telenorကုမ္ပဏီ၊ ထိုင်းနိုင်ငံ Ama- ta Corporation၊ အမေရိကန် နိုင်ငံ Visaကုမ္ပဏီ၊ အီတလီနိုင်ငံGeox ကုမ်္ပဏီတို့မှ အကြီးအကဲများ အပါအ၀င် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်ကြီးများအား သီးခြားစီ လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင် ရွက်ရန်ကိစ်္စရပ်များ၊ ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရန်ကိစ်္စရပ်များ ဆွေးနွေး ခဲ့သည်။
နိုင်ငံပေါင်း ၁၃၀ ကျော်မှတက်ရောက်
ယခုနှစ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ နိုင်ငံတော်အကြီး အကဲနှင့် အစိုးရအဖွဲ့အကြီးအကဲ ၆၅ ဦး၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးအဆင့် ၃၀၀ ကျော်၊ ကုလသမဂ်္ဂအတွင်းရေးမှူးချုပ် နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ထိပ်တန်းအရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် အမှုဆောင် အရာရှိချုပ်အဆင့် ၈၀၀ ကျော် အပါ အ၀င် နိုင်ငံပေါင်း ၁၃၀ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ သတင်းစဉ်

No comments:

Post a Comment