Monday, January 28, 2019

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အာရှ-ပစိဖိတ်ဒေသ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၏ တတိယအကြိမ်မြောက် ညီလာခံတက်ရောက်


Image may contain: one or more people and people standing



နေပြည်တော် ဇန်န၀ါရီ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းသည် စင်ကာပူနိုင်ငံ တွင် ဇန်န၀ါရီ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သော အာရှ-ပစိဖိတ်ဒေသ ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးများ၏ တတိယအကြိမ်မြောက် ညီလာခံသို့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးများနှင့်အတူ တက်ရောက်ခဲ့ သည်။
အဆိုပါ အစည်းအဝေးတွင် အာရှ-ပစိဖိတ်ဒေသ ကုလသမဂ်္ဂပတ်ဝန်းကျင် ဆိုင်ရာ ညီလာခံဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်မှုအခြေအနေကို သုံးသပ်ခြင်း၊ ဒေသတွင်း ရေရှည်တည်တံ့ သော ထုတ်လုပ်မှုနှင့် စားသုံးမှုတို့အတွက် ဆန်းသစ်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေးမူဝါဒပိုင်းနှင့် ငွေကြေး ဆိုင်ရာ ထောက်ပံ့ပေးခြင်း၊ ဒေသအတွင်း ဦးစားပေးဆောင်ရွက်ရမည့် ကိစ်္စများ သတ်မှတ်ခြင်းနှင့် ပြဿနာများအဖြေရှာ မှုအတွက် ပုဂ်္ဂလိကကဏ္ဍနှင့် ဆွေးနွေး ခြင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် သို့ရောက်ရှိရန် ဒေသတွင်းရင်ဆိုင်လျက် ရှိသည့် စိန်ခေါ်မှုများကို ဆွေးနွေးခြင်း နှင့် နိုင်ငံတကာကတိက၀တ်များတွင် ပါဝင်ဆောင်ရွက်နေမှုများကို အဓိက ထား ဆွေးနွေးကြသည်။
ထို့အပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအ်္တရာယ်၊ အစားအစာ၊ စွမ်းအင်နှင့် ရေလုံလောက်စွာ ရရှိနိုင်မှု များ၌ စွမ်းဆောင်ရည်မြင့်မားရန် ဆောင်ရွက်ရမည့်ကိစ်္စများ၊ ကြုံတွေ့ရ သည့် စိန်ခေါ်မှုများ၊ ရေရှည်တည်တံ့ သော ထုတ်လုပ်မှုနှင့် စားသုံးမှုစနစ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပိုမိုအရှိန် အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်မှု တို့ကို ဆွေးနွေးကြသည်။
ဇန်န၀ါရီ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဌာန၏ က်္ဘာ့ပတ်ဝန်းကျင် ကိစ်္စရပ်များ ဆိုင်ရာ ဒုတိယ၀န်ကြီးနှင့် တွေ့ဆုံ၍ စွန့်ပစ်ပစ်္စည်းစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာများ၊ စွန့်ပစ် ပစ်္စည်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေ သည့် လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှု များ လျှော့ချရေးဆိုင်ရာများ၊ စွန့်ပစ် အမှိုက်မှ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာများ၊ စွန့်ပစ်ပစ်္စည်း စီမံခန့်ခွဲမှုအတွက် မူဝါဒ၊ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် ဩန်ကြား ချက်ဆိုင်ရာများ၊ ဂျပန်- မြန်မာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး သီတင်းပတ်အထိမ်း အမှတ်ပွဲ ကျင်းပရေး၊ ၀န်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းအတွက် ပူးပေါင်းကူညီ ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ၀န်ကြီးသည် စင်ကာပူနိုင်ငံ ပတ်ဝန်းကျင် နှင့် ရေအရင်းအမြစ်ဆိုင်ရာ ၀န်ကြီးဌာန ၀န်ကြီးနှင့်တွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုများ၊ စားနပ်ရိက်္ခာဖူလုံမှု၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိရေး ဆောင်ရွက်မှု များ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ ပြည့်မီရန် ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုဆိုင်ရာများ၊ စွမ်းဆောင်ရည်မြှင့်တင် ခြင်းဆိုင်ရာ ပူးပေါင်းကူညီမှု အစီအစဉ် များနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးကြသည်။
ဇန်န၀ါရီ ၂၅ ရက်တွင် အာရှ-ပစိဖိတ် ဒေသ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ ညီလာခံ၌ ၂၀၁၉ ခုနှစ် မတ်လအတွင်း ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ကျင်းပမည့် စတုတ်္ထအကြိမ်မြောက် ကုလသမဂ်္ဂ ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံတွင် ဆုံးဖြတ်ရမည့်အချက်များနှင့် စပ်လျဉ်း သည့်ကြေညာစာတမ်းကို အစည်းအဝေး တက်ရောက်ကြသည့် ၀န်ကြီးများက အတည်ပြုထုတ်ပြန်ကြသည်။


သတင်းစဉ်

No comments:

Post a Comment