Saturday, January 19, 2019

ပြည်ထောင်စုဝန်ကြီးဦးကျော်တင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး တက်ရောက်ခဲ့

Image may contain: one or more people

နေပြည်တော်   ဇန်နဝါရီ   ၁၈
အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန                      ပြည်ထောင်စုဝန်ကြီး   ဦးကျော်တင်ဦးဆောင်သော  မြန်မာ          ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ  ၁၇  ရက်မှ  ၁၈  ရက်အထိ  ကျင်းပသည့်     အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏  သီးသန့်အစည်းအဝေးသို့ တက် ရောက်ခဲ့ပြီးယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိသည်။
ပြည်ထောင်စုဝန်ကြီးသည်  ဇန်နဝါရီ  ၁၇  ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai  က တည်ခင်းဧည့်ခံသည့်အလုပ်သဘောညစာစားပွဲသို့  လည်း ကောင်း၊ ဇန်နဝါရီ  ၁၈  ရက်တွင် ကျင်းပသည့်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ လည်း  ကောင်း  အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  နိုင်ငံခြားရေး         ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။


နိုင်ငံခြားရေးဝန်ကြီးများ၏   သီးသန့်အစည်းအဝေး၌ ၂ဝ၁၉ခုနှစ်တွင်အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင် မည့် ထိုင်းနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် ထိုင်းနိုင်ငံတွင် တည်ထောင်မည့် အာဆီယံဗဟိုဌာနများနှင့် ပတ်သက်၍        လည်းကောင်း၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂ဝ၂၅) နှင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်  (၂ဝ၃ဝ) တို့အကြား အပြန်အလှန်အကျိုးပြုခြင်းကို တိုးမြှင့်စေ မည့် အစီအစဉ်များကို လည်းကောင်း၊ အာဆီယံအသိုက်အဝန်း တည်ထောင်ရေးနှင့်ပတ်သက်၍ (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ အာဆီယံ ၏   ပြင်ပဆက်ဆံရေးနှင့်  ဒေသတွင်းနှင့်  နိုင်ငံတကာရေးရာ       ကိစ္စရပ်များကိုလည်းကောင်း    ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ ကြသည်။
အလုပ်သဘော ညစာစားပွဲတွင်  ပြည်ထောင်စုဝန်ကြီး            ဦးကျော်တင်က  ရခိုင်ပြည်နယ်အရေးကိစ္စနှင့်  စပ်လျဉ်း၍               နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အလွတ် သဘောရှင်းလင်းပြောကြားခဲ့သည်။  ပြည်ထောင်စုဝန်ကြီးသည် နေရပ်စွန့်ခွာသူများ  ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွင် အာဆီယံမှ  ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်မှုများ  မြှင့်တင် သွားရေးနှင့်ပတ်သက်၍ အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ခင်မင်ရင်းနှီးစွာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။


ပြည်ထောင်စုဝန်ကြီးက (၃၃) ကြိမ်မြောက်  အာဆီယံ ထိပ်သီးအစည်းအဝေး၏     ဆွေးနွေးဆုံးဖြတ်ချက်များကို ဆက်လက်အကောင်အထည်ဖော်ရာတွင် အာဆီယံအတွင်း ရေးမှူးချုပ်၏    မြန်မာနိုင်ငံခရီးစဉ်အတွင်း   ဘေးအ္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့်အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ညှိနှိုင်းမှုဌာန  (AHA Centre) က   စေလွှတ်မည့်လိုအပ်ချက်  ဆန်းစစ်လေ့လာရေးအဖွဲ့၏လုပ်ငန်းလမ်းညွှန်  (TOR)  ကို အတည်ပြုနိုင်ခဲ့ခြင်း၊  လိုအပ် ချက်ဆန်းစစ်လေ့လာရေးအဖွဲ့မှ ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာခြင်းနှင့် အလုံးစုံလိုအပ်ချက်ဆန်းစစ်လေ့လာခြင်း တို့ကို ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များကို အသိပေးပြောကြားခဲ့ပြီး AHA Centre အနေဖြင့် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဆိုင်ရာ လူသားစွမ်းရည်ဖွံ့ဖြိုးရေး အစီအစဉ်များနှင့်        နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်များတွင်  ပူးပေါင်းပါဝင်နိုင်မည့်   အလားအလာများအပြင်  နေရပ်ပြန်ပို့ရေး၊ ပြန်လည်ထူထောင် ရေးနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်       အာဆီယံက ကူညီပံ့ပိုးပေးနိုင်မည့်နယ်ပယ်များနှင့် ပတ်သက်၍အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နေရပ် စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက်နှစ်နိုင်ငံ သဘောတူ ညီချက်နှင့်အညီ မြန်မာနိုင်ငံဘက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)  တို့အကြား လက်မှတ်ရေးထိုး ခဲ့သည့် နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏  လုပ်ငန်းအကောင်အထည်ဖော်  ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏   သီးသန့်အစည်း အဝေးအပြီးတွင်  အာဆီယံဥက္ကဋ္ဌ၏  သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါသတင်းထုတ်ပြန်ချက်တွင် အာဆီယံ           နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ၏ အခန်းကဏ္ဍအရေး ပါမှုကို သဘောတူညီကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လိုအပ် ချက်ဆန်းစစ်လေ့လာရေးအဖွဲ့၏လုပ်ငန်းလမ်းညွှန် (TOR) ကို အာဆီယံအတွင်းရေးမှူးချုပ်၏ ခရီးစဉ်အတွင်း အတည်ပြုနိုင်ခဲ့ ခြင်းကို   ကြိုဆိုကြောင်း၊   မြန်မာနိုင်ငံ၏  လူသားချင်းစာနာ           ထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ အစီအစဉ်များကို ဆက်လက်ထောက်ခံကြောင်း၊ ရခိုင်ပြည်နယ်စဉ်ဆက်မပြတ် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်မှုတိုးမြှင့် ရန် သဘောတူညီကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ အားလုံး၏ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးအစီအမံများ ကို အတတ်နိုင်ဆုံး ထိထိရောက်ရောက်ဆောင်ရွက်ရန် မြန်မာ အစိုးရ၏ ကတိကဝတ်ပြုခြင်းကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်း  ဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံအားပေးကြောင်း ဖော်ပြပါရှိသည်။


ယခုအစည်းအဝေးသည် ၂ဝ၁၉  ခုနှစ်တွင်  အာဆီယံ အလှည့်ကျ      ဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည့်    ထိုင်းနိုင်ငံ၏             လက်ထက်တွင် ပထမဆုံးအကြိမ်ကျင်းပသည့်အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးဖြစ်ပြီး၊ ယခုနှစ် အတွက် အာဆီယံဥက္ကဋ္ဌ၏  ဆောင်ပုဒ်မှာ ''စဉ်ဆက်မပြတ် တည်တံ့ဖို့    မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်စို့''   (Advancing Partnership  for   Sustainability)   ဖြစ်သည်။  ထိုင်းနိုင်ငံအနေဖြင့်   အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂ဝ၁၉ခုနှစ်၊  ဇန်နဝါရီ  ၁  ရက်မှ  ဒီဇင်ဘာ  ၃၁  ရက်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။   
သတင်းစဉ်        

No comments:

Post a Comment