Saturday, January 26, 2019

ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ပုံနှိပ်စက်ရုံနှင့် သတင်းစာတိုက်များအား စစ်ဆေး

Image may contain: one or more people, crowd and indoor


နေပြည်တော်   ဇန်န၀ါရီ  ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်  ဇေယျာသီရိမြို့နယ် ခရေပင် လမ်းခွဲရှိ ပြန်ကြားရေးဝန်ကြီးဌာန  သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊  မြန်မာ့အလင်းသတင်းစာတိုက်၊  ကြေးမုံသတင်းစာတိုက်၊ နေပြည်တော်သတင်းစာတိုက်နှင့်  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန  နေပြည်တော်ပုံနှိပ်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၀န်ထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ   ဒုတိယ၀န်ကြီးသည်   သတင်းနှင့်  စာနယ်ဇင်း လုပ်ငန်း နေပြည်တော်သတင်းစာတိုက်ရှိ ဆေးခန်းနှင့် ၀န်ထမ်း များအတွက်       အပန်းဖြေနားနေခန်း     ဖွင့်လှစ်ထားမှုအား                 လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ သင်တန်းခန်းမ၊ စာကြည့်တိုက်၊ ပုံနှိပ်စီစဉ်ရေး ဌာန၊   ကွန်ပျူတာသင်တန်းခန်းမနှင့် ပုံနှိပ်စက်ဟောင်းများ ပြတိုက်ဖွင့်လှစ်ရန် ပြင်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မူကြိုကျောင်းသို့ရောက်ရှိပြီး ကလေးများ အား အမှတ်တရလက်ဆောင်ပစ်္စည်းများပေးအပ်ကာ ပြင်ပ ကလေးကစားကွင်း၊ ဖူဆယ်ဘောလုံးကွင်း၊ ဘော်လီဘောကွင်း နှင့် ပိုက်ကျော်ခြင်းကွင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ၀န်ထမ်းအိမ်ရာများနှင့် လူပျိုဆောင်/အပျို ဆောင်များ၊ ၀န်ထမ်းသက်သာဆိုင်နှင့် ဈေးဆိုင်တန်းများ ဖွင့်လှစ်ရောင်းချပေးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 
ယင်းနောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံ တွင် ပညာရေးဝန်ကြီးဌာနအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များ ရိုက်နှိပ်မှုနှင့် ထုပ်ပိုးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက်   ဒုတိယ၀န်ကြီးနှင့်   တာဝန်ရှိသူများသည် မြန်မာ့အလင်းသတင်းစာတိုက်နှင့် ကြေးမုံသတင်းစာတိုက်တို့ရှိ သတင်းခန်းနှင့် ပုံနှိပ်စက်တို့ကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပွင့်လင်းစွာတင်ပြ
မွန်းလွဲပိုင်းတွင် ဒုတိယ၀န်ကြီးသည် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနတို့မှ ၀န်ထမ်းများ နှင့် ဘိုးဝဇီရခန်းမ၌တွေ့ဆုံပြီး အခြေအနေအရ ၀န်ထမ်းများနှင့် မကြာခဏတွေ့ဆုံခွင့် မရရှိသော်လည်း ယခုကဲ့သို့ တွေ့ဆုံခွင့်ရရန် အစဉ်သဖြင့် ဆန်္ဒရှိပါကြောင်း၊ ၀န်ထမ်းများအနေဖြင့် မိမိတို့၏ လိုအပ်ချက်နှင့် အခက်အခဲများကို ပွင့်လင်းစွာတင်ပြကြမှသာ ဆောင်ရွက်နိုင်သည်များကို အမြန်ဆုံး၊ အဖြစ်နိုင်ဆုံး လုပ်ဆောင် ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားပြီး ကျန်းမာရေးနှင့် လူမှုဖူလုံ ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ  ပြုလုပ်ပေးရေး၊ ၀န်ထမ်းအချင်းချင်းရင်းနှီးချစ်ခင်စွာ  စည်းလုံးညီညွတ်စွာ၊ ပျော်ရွှင်စွာဖြင့် လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ရေး၊ လိုအပ်ချက်နှင့် အခက်အခဲများရှိက ပွင့်လင်းစွာတင်ပြဆောင် ရွက်ရေးတို့ကို မှာကြားသည်။
ယင်းနောက်   ပုံနှိပ်ရေးနှင့်   ထုတ်ဝေရေးဦးစီးဌာနမှ ဩန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းဦးဆောင်ဩန်ကြားရေးမှူး ဦးရဲနိုင်တို့က ၀န်ထမ်းများ၏ တင်ပြချက်များအပေါ်  ဆောင်ရွက်ပြီးစီးမှုနှင့်   ဖြည့်ဆည်း        ဆောင်ရွက်ပေးမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒုတိယ၀န်ကြီးက နိဂုံးချုပ်ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။               
     သတင်းစဉ်

No comments:

Post a Comment