Saturday, January 26, 2019

မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Image may contain: 16 people, people smiling, people standing, suit and indoor



မနီလာ   ဇန်န၀ါရီ   ၂၅
ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံ Presidential Communications Operations Office (PCOO) တို့အကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ Presidential Communications Operations Office (PCOO) အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Jose  Ruperto Martin M. Andanar တို့ လက်မှတ်ရေးထိုးကြပြီး နားလည်မှုစာချွန်လွှာ (MoU)  ကို အပြန်အလှန် လဲလှယ် ကြသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဖေမြင့်  ဦးဆောင်သော  မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး  Jose  Ruperto Martin M. Andanar  နှင့် ဖိလစ်ပိုင်နိုင်ငံ သတင်းပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဆိုင်ရာ အဆင့်မြင့်ပုဂ်္ဂိုလ်များသည် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် နှစ်နိုင်ငံ သတင်းပြန်ကြားရေးနှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ်္စများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
တက်ရောက်
နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားများသို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်၊ ဖိလစ်ပိုင်ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဒုတိယ၀န်ကြီး များဖြစ်ကြသော Atty . Marvin  R. Gatpayat ၊ George  A. Apacible နှင့်   Loraire T Badoy  နှင့်  တာဝန်ရှိသူများ တက်ရောက်ကြကြောင်း  သတင်း ရရှိသည်။                                                                                       
သတင်းစဉ်

No comments:

Post a Comment