Sunday, January 20, 2019

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ယူနန်ပြည်နယ် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ





Image may contain: 5 people, people sitting, table and indoor
ရန်ကုန် ဇန်နဝါရီ ၁၉



သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး H.E. Zhao Jin နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးရုံး (ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် နှစ်နိုင်ငံသာသနာ ရေးနှင့် ယဉ်ကျေးမှုကဏ္ဍများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးကြည် မင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုသည် မရမ်းကုန်း မြို့နယ် ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသဂ¯ ယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပလျက်ရှိသော (၇၁) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေး စာမေးပွဲသို့သွား ရောက်၍ စာမေးပွဲသြဝါဒါစရိယ ဆရာ တော်များ၊ စာထောက်စာမ ဆရာတော် များ၊ စာပြန်သံဃာတော်များအား ဖူးမြော် ကြည်ညိုသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပလျက်ရှိပြီး စာမေးပွဲ ကြီး၌ သြဝါဒါစရိယဆရာတော် ၁၁ ပါး၊ စာထောက်စာမဆရာတော် ၁၂၄ ပါး၊ လူပုဂ္ဂိုလ်စာထောက်စာမှတ် ၆၆ ဦးနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ ကူညီဆောင်ရွက်၍ စာပြန် သံဃာတော်အပါး ၂၂ဝ တို့ အာဂုံပြန်ဆို လျက်ရှိကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးကစာပြန်သံဃာတော်များ အာဂုံစာပြန်ဆိုမှု ကို လှည့်လည်ကြည်ညိုပြီး စာမေးပွဲ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များအား နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ဗုဒ္ဓသာသနာဝင် သမိုင်းတစ် လျှောက်သဂ¯ယနာ ခြောက်ကြိမ်တင်ခဲ့ရာ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ပဉမ သဂ¯ယနာနှင့်ဆဋ္ဌသဂ¯ယနာ နှစ်ကြိမ်တိုင် ဆင်နွှဲခွင့်ရခဲ့ကြသည်။ ဆဋ္ဌသဂ¯ယနာ တင်သည့်အခါ ပိဋကတ်သုံးပုံအာဂုံဆောင် သာသနာ့အာဇာနည် အရှင်မြတ်များ ရရှိရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် မှာပင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ပထမ အကြိမ် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၉၅၄ ခုနှစ် တွင် ၆ ကြိမ်မြောက် ဆဋ္ဌသဂ¯ယနာတင် ပွဲကြီးစတင်ကျင်းပသည့်နှစ်ဖြစ်၍ ထိုနှစ် တွင် စစ်ကိုင်းတောင်ရိုး မင်းကွန်းဓမ္မနာဒ ကျောင်းတိုက်မှ အရှင်ဝိစိတ္တသာရာ ဘိဝံသအရှင်မြတ်သည် တိပိဋကဓရ တိပိ ဋက ကောဝိဒစာမေးပွဲကြီး အာဂုံပြန်နှင့် ရေးဖြေနှစ်မျိုးစလုံး၌ ဂုဏ်ထူးဖြင့် အောင်မြင်ပြီး မဟာတိပိဋကဓရ မဟာ တိပိဋကကောဝိဒဘွဲ့ရဆရာတော်တစ်ပါး စတင်ပေါ်ထွန်းခဲ့သည်။ ဆဋ္ဌသဂ¯ယနာ တင် အခမ်းအနားကြီးတွင် မ္တလေးမြို့ ညောင်ရမ်းဆရာတော် ဘုရားကြီးက သံဃာ့ဦးသျှောင် မထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး မဟာစည်ဆရာ တော် အရှင်သောဘနက အမေးပုစ္ဆာက ဆရာတော်အဖြစ် လည်းကောင်း၊ တိပိဋ က ဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းအရှင် ဝိစိတ္တသာရာဘိဝံသက အဖြေဝိဿဇ္ဇက ဆရာတော်အဖြစ်လည်းကောင်း ဆောင် ရွက်တော်မူကြလျက် ဆဋ္ဌသဂ¯ယနာတင် ပွဲကြီးကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ သည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို စတင် ကျင်းပခဲ့သည်မှစ၍ တစ်ကြိမ်မျှ ပျက်ကွက်မှု မရှိခဲ့သဖြင့် ယခုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ (၇၁) ကြိမ်မြောက် ကျင်းပပြုလုပ်နိုင်ခြင်း ဖြစ် သည်။ စာမေးပွဲကြီးတွင် အာဂုံပြန်နှင့် သဘောရေးဖြေနှစ်မျိုး ခွဲခြားဖြေဆိုရပြီး ပိဋကတ်သုံးပုံလုံး စာမျက်နှာပေါင်း ၈ဝ၂၆ မျက်နှာကို ပြီးမြောက်အောင် အာဂုံပြန်ဆိုခြင်းပြုနိုင်ပါမှ တိပိဋကဓရ ဘွဲ့နှင့် သဘောရေးဖြေ ဖြေဆိုခြင်း အောင်မြင်ပါမှ တိပိဋကကောဝိဒဘွဲ့ကို ဆက်ကပ်ခံရမည် ဖြစ်သည်။
မြန်မာနိုင်ငံ ပရိယတ္တိစာမေးပွဲ လောကတွင် အဆင့်အမြင့်ဆုံးစာမေးပွဲ ကြီးဖြစ်၍ စာမေးပွဲကြီးပထမအကြိမ်မှ အကြိမ် ၇ဝ ထိ ပထမဆုံးအောင်မြင်တော် မူသည့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အပါအဝင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့ အာဇာနည်အရှင်မြတ် ၁၄ ပါးပေါ်ထွန်း ခဲ့ကြောင်း သိရသည်။
(၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်စာမေးပွဲကြီး ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က စတင်ကျင်းပခဲ့ပြီး ယနေ့အာဂုံပြန်ဆိုပွဲပြီး ဆုံး၍ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက်ထိ သဘောရေးဖြေစာမေးပွဲ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment