Sunday, January 20, 2019

YBS 50မူလဂိတ်နေရာတွင် အခြားယာဉ်လိုင်းမှ ယာဉ်များ ရပ်နားထားခြင်းအား ဖယ်ရှားပေးစေလို



Image may contain: one or more people, sky, tree and outdoor
ထင်သာမြင်သာ ပြုပြင်စရာ

ဒလ ဇန်နဝါရီ ၁၉


ဒလမြို့နယ်တွင် YBS 50 ယာဉ်လိုင်း အတွက် မြို့နယ်မှ သတ်မှတ်ပေးထားသည့် ဂိတ်နေရာတွင် အခြားယာဉ်လိုင်းမှ အလှည့်မကျသေးသောယာဉ်များ ရပ်နား ဂိတ်ထိုးထားခြင်းကို ဖယ်ရှားပေစေလို ကြောင်း မော်တော်ယာဉ်စီးနင်းသူ ပြည် သူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ယာဉ်ရပ်နားရာနေရာသည် YBS 50 ယာဉ်လိုင်းမှ ယာဉ်များ ဒလ- ကွမ်းခြံကုန်းခရီးစဉ် ပြေးဆွဲရာတွင် စတင် ဂိတ်ထိုးသည့်နေရာဖြစ်ပြီး ယခုပြေးဆွဲ နေသည့် YBS 50 ယာဉ်လိုင်း မှ ယာဉ် များကို ကားကြီးဝင်းအတွင်း ဂိတ်ထိုး ပြေးဆွဲနေရသည့်အတွက် အဆိုပါ ဂိတ် နေရာကို ခရီးသည်များ မသိရှိသဖြင့် မော်တော်ယာဉ်စီးနင်းမှု ခက်ခဲနေရ ကြောင်း သိရသည်။
မူလဂိတ်နေရာတွင် ပြန်လည်၍ ဂိတ်နေရာရရှိရန် ဂိတ်မှတာဝန်ရှိသူများ ဆောင်ရွက်နေသော်လည်း ယခုတိုင် မူလဂိတ်နေရာတွင် ပြန်လည်ဂိတ်ထိုးခွင့် မရရှိခြင်းကြောင့် ဒလ-ကွမ်းခြံကုန်း ခရီး သွားပြည်သူများအတွက် မော်တော်ယာဉ် စီးနင်းမှု ခက်ခဲနေသဖြင့် မူလဂိတ်နေရာ တွင် ပြန်လည်ဂိတ်ထိုးစေလိုပြီး ရပ်နား ထားသည့် အခြားယာဉ်လိုင်းမှ ယာဉ်များ ကို သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းပေး စေလိုကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
မောင်ယဉ်ဦး (ဒလ)

No comments:

Post a Comment