Sunday, January 20, 2019

၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၄၂ ဒသမ ၃ မိုင်နှင့် ၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ





Image may contain: 19 people, crowd and outdoor
 နေပြည်တော် ဇန်နဝါရီ ၁၉ 



လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီး တောင်-မောင်တောဓာတ်အားလိုင်း ၄၂ ဒသမ ၃ မိုင်နှင့်၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် မောင်တောမြို့ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
ဦးစားပေးအဆင့်များခွဲပြီး တည်ဆောက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အား လိုင်း ၄၂ ဒသမ ၃ မိုင်နှင့် ၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲ ရုံဖွင့်ပွဲနှင့် မောင်တောမြို့သို့ ဓာတ်အား စတင် ဖြန့်ဖြူးခြင်းအခမ်းအနား အထိမ်း အမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာ တွင် ရခိုင်ပြည်နယ်အနေဖြင့် ပြည်နယ် အတွင်းရှိ သဘာဝအရင်းအမြစ်များကို အခြေခံပြီး သံတွဲမြို့တွင် သူဌေးရေအား လျှပ်စစ်စီမံကိန်း ၁၁၁ မဂ္ဂါဝပ်ကို ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း တွင် လည်းကောင်း၊ ကျောက်ဖြူမြို့တွင် ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး ဓာတ် အားပေးစက်ရုံစီမံကိန်း ၁၃၅ မဂ္ဂါဝပ် ကို ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွင်း တွင် လည်းကောင်း အချိန်မီပြီးစီးနိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုအခါ ၂၃ဝ ကေဗွီဗို့အား အဆင့်နှင့် သာ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနေရသည့် အတွက် နောင်တိုးတက်သုံးစွဲလာမည့် ဝန်အားများကို နိုင်နင်းစွာသယ်ဆောင် နိုင်ပြီး ဓာတ်အားလိုင်းများ ဝန်အားပြည့် ခြင်းနှင့်ဓာတ်အားလိုင်းတစ်လိုင်း အပြစ် ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်းစသည့် အားနည်းချက်များ ကို တတ်နိုင်သမျှ ကာကွယ်နိုင်ရန်အတွက် ပင်မ ကျောရိုးဓာတ်အားလိုင်း (Back Bone) အနေဖြင့် ၅ဝဝ ကေဗွီဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကို ဦးစားပေးအဆင့်များခွဲပြီး တည်ဆောက် လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ်တစ်ဝန်းလုံးသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လည်း ကောင်း၊ မီးစက်ကြီးများဖြင့် လည်း ကောင်း ဓာတ်အားရရှိသုံးစွဲနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ် တစ်ခုလုံးအနေဖြင့် အိမ်ထောင်စု ဦးရေ ၄၅၉၇၇၂ ဦး ရှိသည့်အနက် မြို့ပေါင်း ၂၆ မြို့၊ ကျေးရွာပေါင်း ၁၈၉၉ ရွာရှိ လျှပ်စစ်မီးသုံးစွဲနိုင်သည့် ဦးရေ ၉၅၁၆၆ ဦးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထား နိုင်ခဲ့သည့်အတွက် ပြည်နယ်တစ်ခုလုံး ၏ Electrification Ratio မှာ ၂၁ ရာခိုင်နှုန်း ရှိနေပြီဖြစ်သလို ရခိုင် ပြည်နယ်အတွင်းကျေးရွာပေါင်း ၃၇၄၂ ရွာရှိသည့်အနက် ၁၈၉၃ ရွာမှာ လျှပ်စစ် ဓာတ်အားရရှိပြီး ဖြစ်သည့်အတွက် ပြည်နယ်တစ်ခုလုံး၏ ကျေးရွာ မီးလင်းမှု Electrification Ratio မှာ ၅ဝ ဒသမ ၅၈ ရာခိုင်နှုန်း ရှိနေပြီဖြစ်ပါကြောင်း။
နည်းလမ်းများကို ကြိုးစားရှာဖွေခဲ့
ရခိုင်ပြည်နယ်တွင် ၂ဝ၁၄ခုနှစ်တွင် လျှပ်စစ်ဓာတ်အားကို ၁၅ မဂ္ဂါဝပ် ခန့်သာသုံးစွဲခဲ့ရာမှ ၂ဝ၁၈ ခုနှစ်တွင် ၅၄ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာ သည့်အတွက် ယခုထက် ပိုမိုတိုးတက် သုံးစွဲလာနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်ရှိ မာန်အောင် မြို့သည် ကျွန်းမြို့တစ်ခုဖြစ်ပြီး ပင်လယ် ပြင်အား ဖြတ်သန်းသွားလာရသဖြင့် ဓာတ်အားစနစ်မှ ဓာတ်အားလိုင်းများ သွယ်တန်းကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရန် ငွေကုန်ကြေးကျ များပြားသော ကြောင့် ဓာတ်အားပေးနိုင်မည့် နည်းလမ်း များကို ကြိုးစားရှာဖွေခဲ့ရာ ဆိုလာ၊ ဒီဇယ်နှင့်စွမ်းအင် သိုလှောင်မှုစနစ်(ESS- Energy Storage System) ဖြင့် POSCO Daewoo Corpora-tion နှင့် ပူးပေါင်း၍ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို လည်း ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၉ ခုနှစ် မေလတွင် ပြီးစီးနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းပြီးစီးပါက မာန်အောင် ဒေသရှိကျန်ရှိသည့် ကျေးရွာ ၈ဝ ရှိ အိမ်ထောင်စု ၇၈၅ဝ ကိုလည်း လျှပ်စစ် ဓာတ်အားပေးနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ရခိုင်ဒေသအနေဖြင့်လျှပ်စစ် ဓာတ်အားရရှိမှုရာခိုင်နှုန်း (Electri-fication Ratio) ကို၂ဝ၂ဝ ပြည့်နှစ်တွင် ၄၅ ဒသမ၄၂ ရာခိုင်နှုန်းနှင့် ၂ဝ၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့်အထက် တိုးတက်လာစေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် ရခိုင်ပြည်နယ် အတွင်း လိုအပ်ချက်ဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းများကို နိုင်ငံတော်အနေ ဖြင့် ဦးစားပေးဆောင်ရွက်ပေးနေသဖြင့် ဤဒေသတွင် လူမှုစီးပွားဘဝများ၊ စက်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အပြင် စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံ သူများ၊ က္ဘာလှည့်ခရီးသွားလုပ်ငန်း များကိုလည်း တိုးချဲ့လုပ်ကိုင်လာနိုင် မည်ဖြစ်ပြီး ရခိုင်ပြည်နယ်၏ ရေထွက် ကုန်ပစ္စည်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ပေးနိုင်ရေးတို့ကိုလည်း ဆောင် ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။
ရှင်းလင်းပြောကြား
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ် ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ နှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အခြေအနေ များအား ရှင်းလင်းပြောကြားခဲ့ပြီး မောင်တောမြို့နယ် ပြည်သှူလွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ထို့နောက် ၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်- မောင်တောဓာတ်အား လိုင်း ၄၂ ဒသမ ၃ မိုင်၊ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် မောင်တောမြို့သို့ ဓာတ်အား စတင်ဖြန့်ဖြူးခြင်းအခမ်းအနား အထိမ်း အမှတ်ဖဲကြိုးအား ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ မောင်တောမြို့နယ် ပြည်သှူလွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်နှင့် ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင် ကျော်ဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး
ယင်းနောက် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာအား ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် စစ်တွေမြို့ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ မဟာဓာတ်အားလိုင်း မှူး၊ ဓာတ်အားခွဲရုံမှူးများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက် မှုမဖြစ်ပေါ်စေရေး၊ ရခိုင်ပြည်နယ်အတွင်း တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ် ချက်ကို ကြိုတင်တွက်ချက်၍ စီမံဆောင် ရွက်ထားရန်၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အဂတိတရားကင်းရှင်းစွာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ဝန်ကြီး ဌာန၏ ရည်မှန်းချက်အောင်မြင်အောင်စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက် သွားကြရန် မှာကြားသည်။
ယင်းနောက် ဓာတ်အားခွဲရုံမှူး များက ဓာတ်အားခွဲရုံအလိုက် ဓာတ်အား လက်ခံပို့လွှတ်ဖြန့်ဖြူးမှု အခြေအနေများ ကိုလည်းကောင်း၊ မဟာဓာတ်အားလိုင်း မှူး(အမ်း)က ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် မှုအခြေအနေများကို လည်းကောင်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက ခရိုင် အလိုက် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်òန်ကြား ရေးမှူးနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြ၍ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များအား မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment