Saturday, January 26, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတက်ရောက်

Image may contain: 3 people, people sitting


နေပြည်တော်   ဇန်န၀ါရီ   ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၏     ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည့် နယ်စပ် ဒေသ   ဖွံ့ဖြိုးရေးလုပ်ငန်းများ  ညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉)ကို ယနေ့ နံနက်ပိုင်းက  အဆိုပါဝန်ကြီးရုံး စုပေါင်း ခန်းမ၌ကျင်းပသည်။
ရေရှည်တည်တံ့ရေး
ညှိနှိုင်းအစည်းအဝေးတွင်    ပြည် ထောင်စုဝန်ကြီး     ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း     ပြည်ထောင်စုရန်ပုံငွေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် နယ်စပ် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အားသာ ချက်၊   အားနည်းချက်များ    ပြန်လည် သုံးသပ်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲကောင်းမွန်ရေးအတွက် မဖြစ်မနေ ထပ်မံဆောင်ရွက်သင့်သည့် ဖြည့်စွက် လုပ်ငန်းများကို   အကြံပြုတင်ပြကြရန်၊ ၂၀၁၉-၂၀၂၀      ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထားရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရန်ပုံငွေဖြင့်  ဆောင်ရွက် မည့်လုပ်ငန်းများ၊            တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေဖြင့် ဆက်စပ်ဆောင်ရွက် မည့် လုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ Overlab  မဖြစ်စေရန်၊  နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၏          ဘတ်ဂျက်များဖြင့် ဆောင်ရွက်ရာတွင်    ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ၀ိုင်းဝန်း ပူးပေါင်း   ဆောင်ရွက်ကြရန်၊  ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းမှ ရရှိနိုင် မည့် အကျိုးကျေးဇူးများနှင့် တွေ့ကြုံရ သည့်     အခက်အခဲများကို    ပွင့်ပွင့် လင်းလင်း      ရှင်းလင်းဆွေးနွေးတင်ပြ လိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက်          နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန  ဩန်ကြားရေးမှူးချုပ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ခွင့်ပြု ရန်ပုံငွေအပေါ်       တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများသို့          ခွဲဝေခွင့်ပြုခဲ့သည့် ရန်ပုံငွေဖြင့်     အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်    နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက်     တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက်္ကဋ္ဌများ က ဒေသအလိုက် ဆောင်ရွက်နေကြသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး   လုပ်ငန်းများ ရေရှည်တည်တံ့ ကောင်းမွန်ရေးအတွက် မဖြစ်မနေ ထပ်မံဖြည့်စွက်ပေးရန်လိုအပ် သည့် လုပ်ငန်းများ၊ ဒေသခံပြည်သူများ၏ ဆန်္ဒလိုအပ်ချက်များနှင့်အညီ     ထပ်မံ ဆောင်ရွက်ရန်   လိုအပ်သည့်     လမ်း၊ တံတား၊ စိမ့်စမ်းရေသွယ်ယူခြင်း၊ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ခြင်း၊ ဆိုလာမီး လင်းရေး            စသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
မူဝါဒများနှင့်အညီ  ဆောင်ရွက်
ဆက်လက်၍      ဒုတိယ၀န်ကြီး ဗိုလ်ချုပ်    သန်းထွဋ်က  နယ်စပ်ဒေသ ဖွံ့ဖြိုးရေး     လုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့်    ပြည်နယ်အစိုးရ အဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဦးစီးအဖွဲ့များက     ၀ိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ပေးနေမှု၊ သတ်မှတ်ထား သည့်  မူဝါဒများနှင့်အညီ  ဆောင်ရွက် ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်း များကို ဖြေကြားရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တို့ ပူးပေါင်းညှိနှိုင်းပေါင်းစပ်၍ ဖြေကြားခဲ့ သော    ကိစ်္စရပ်များ၊    ဘိန်းအစားထိုး ဖွံ့ဖြိုးရေး  ရှေ့ပြေးစီမံကိန်း အကောင် အထည်ဖော်    ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု ၀န်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။
သတင်းစဉ်

No comments:

Post a Comment