Tuesday, December 4, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်Plan International Myanmar အဖွဲ့တို့ တွေ့ဆုံ

Image may contain: 4 people, people sitting, table and indoor
နေပြည်တော် ဒီဇင်ဘာ ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် Plan International Myanmar အဖွဲ့မှ Mr. Kelly Stevensonဦးဆောင်သော အဖွဲ့သည် ယနေ့ မွန်းလွဲ ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံကြ သည်။
တွေ့ဆုံရာတွင် လမ်းပေါ်နေ ကလေးများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ကနဦး လေ့လာဆန်းစစ်ခြင်း ဆောင်ရွက်နေမှု၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းပြင်ပ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများဆိုင်ရာ ဆောင်ရွက်နေမှုများ၊ လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက် ရေး၊ လူငယ်သင်တန်းကျောင်းများတွင် လက်ခံထားသည့် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment